အထက်တန်းကျောင်းတွေမှာ Covid-19 ရောဂါကူးစက်မှုမရှိမှ အလယ်တန်းကျောင်းတွေဖွင့်မယ်

4-8-2020-yyl-001.jpg

အခြေခံပညာအထက်တန်းကျောင်း အားလုံးဖွင့်ပြီး တစ်လအကြာ ကျောင်းတွေမှာ Covid-19 ရောဂါကူးစက်မှုမရှိမှသာ အလယ်တန်းကျောင်းတွေ ဖွင့်လှစ်ရန်စီစဉ်ထားတယ်လို့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ကပြောပါတယ်။

အထက်တန်းအဆင့်ကျောင်းအားလုံး ဖွင့်လှစ်အပြီး ရက်သတ္တပတ် သုံးပတ်အတွင်း အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းတွေ ဖွင့်လှစ်ရန် ကျောင်းတွေကို Check List (၈၀)ချက်နဲ့ ကိုက်ညီမှုရှိ၊ မရှိ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က တာဝန်ရှိသူတွေက စစ်ဆေးသွားမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီ နယ်မြေပညာရေးမှူးများနဲ့ ကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာအထက်တန်းကျောင်း (၇,၁၇၃) ကျောင်းရှိတဲ့ အနက် Covid-19 ကာကွယ်ရေး ပြင်ဆင်မှုအဆင့် (A) ရတဲ့ ကျောင်း (၃,၉၉၉) ကျောင်းကိုသာ ဇူလိုင် (၂၁) ရက်နေ့က ဖွင့်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Cherry ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top