အာရှတစ်ဝှမ်းက Viu အသုံးပြုသူများ ထိုင်းရုပ်ရှင်ဇာတ်လမ်းများ ကြည့်ရှုနိုင်စေဖို့ Viu နှင့် GMM Grammy မိတ်ဖက်ပူးပေါင်းမှု

Viu-x-GMM-IMG.jpg

PCCW မီဒီယာအုပ်စုရဲ့ ထိပ်တန်း OTT ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့၊ လစဉ်အသုံးပြုသူ ၄၁ သန်းကျော်ရှိတဲ့Viu က ထိုင်းရုပ်သံလိုင်းများဖြစ်တဲ့ One31 နှင့် GMM25 တို့မှ ရုပ်ရှင်ဇာတ်ကားကောင်းများကို Viu မှာ ပြသပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ ဖျော်ဖြေရေးကဏ္ဍမှာ ထိပ်တန်းစာရင်းဝင်တဲ့ GMM Grammy နှင့် မိတ်ဖက်ပူးပေါင်းကို အဆင့်မြှင့်တင်ခဲ့ပါတယ်။

အဲဒီမိတ်ဖက်ပူးပေါင်းမှုကြောင့် Viu ကြည့်ရှုအသုံးပြုသူတွေက ထိုင်းနိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ One31မှာ ပြသသွားတဲ့ ဇာတ်ကားများကို ပြသပြီးတဲ့အချိန်၂ နာရီအတွင်း Viu မှာ ရယူကြည့်ရှုနိုင်သွားမှာဖြစ်ပါတယ်။ အခုလိုမိတ်ဖက်ပူးပေါင်းမှုတွေက Viu အသုံးပြုသူများကို One31 နှင့် GMM25 ရုပ်သံလိုင်းတို့က ပိုမိုဆန်းသစ်သော ရုပ်ရှင်ဇာတ်လမ်းကောင်းများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှနိုင်စေရန် ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။ Viu က အဲဒီဇာတ်လမ်းများကို အွန်လိုင်းမှာ တိုက်ရိုက်ကြည့်ရှုရုံမျှမဟုတ်ဘဲ ‌‌ဒေါင်းလုပ်ရယူနိုင်ရန်လည်း ခွင့်ပြုပေးထားသောကြောင့် မိမိစိတ်ကြိုက်ဇာတ်ကားများကို အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

One31 နှင့် GMM25 ရုပ်သံလိုင်းတို့မှ ဇာတ်ကားများကို မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ စင်ကာပူ နိုင်ငံများရှိ Viu အသုံးပြုသူများက Bahasa Malaysia, Bahasa Indonesia, မြန်မာ၊ အင်္ဂလိပ် ဘာသာစကားများဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပြီး အဲဒီရုပ်သံလိုင်းများမှ လူကြိုက်များတဲ့ ဇာတ်လမ်းများဖြစ်တဲ့ Crowns of Grass, The Passbook, The Venom’s Tale, The Mistress, Love Revenge, Club Friday တွေကိုလည်း ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top