Dai-ichi Life Group ၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်အား ဂုဏ်ပြုရင်းမြန်မာနိုင်ငံသားများကို စိတ်အေးချမ်းသာမှု အပြည့်အဝပေးစွမ်းနိုင်သော ဝန်ဆောင်မှုများပေးအပ်ရန် အဆင်သင့်ဖြစ်နေပါကြောင်း အသိပေးကြေညာ

118th-Year.jpg

စက်တင်ဘာလ၊ (၁၅) ရက်၊ ရန်ကုန်၊ မြန်မာ။ ။ ဂျပန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ အသက်အာမခံကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Dai-ichi Life Group သည် ယနေ့တွင် လုပ်ငန်းစတင် တည်ထောင်မှု နှစ်ပေါင်း ၁၁၈ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း ကြေညာခဲ့သည်။ နှစ်ပေါင်းများစွာတိုင် မပြောင်းလဲသော အရည်အသွေးမြင့် ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများစွာအား စဉ်ဆက်မပြတ် ဝန်ဆောင်ပေးနိုင်ခဲ့သည့် Dai-ichi Life Group သည် ယခုအခါတွင် မြန်မာနိုင်ငံတွင်လည်း ၎င်း၏ နိုင်ငံတကာ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများနှင့်အတူ သင့်တော်မှုအရှိဆုံးနှင့် အရည်အသွေး အမြင့်မားဆုံး အာမခံ ဝန်ဆောင်မှု လုပ်ငန်းများ စတင်လျက် ရှိပါသည်။

Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချမှု အပြည့်အဝရှိသည့် ငွေကြေးဆိုင်ရာလုံခြုံမှုအတွက် ဝန်ဆောင်မှုများကို ဝန်ဆောင်ပေးသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်းအတွက် အသင့်တော်ဆုံးသော အသက်အာမခံကုမ္ပဏီ တစ်ခုဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့သော အကောင်းဆုံး ၀န်ဆောင်မှုများအား ပေးအပ်နိုင်ရန် အတွက်လည်း Dai-ichi Life Insurance Myanmar သည် အရည်အချင်း ပြည့်မီသော ၀န်ထမ်းများနှင့် ကိုယ်စားလှယ်များ နှင့်အတူ နီးနီးကပ်ကပ် လက်တွဲကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ ကနဦးရလဒ် အနေနှင့် Dai-ichi Life Insurance Myanmar သည် အာမခံထားရှိသူများ၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သည့် အဓိက အသက်အာမခံ အစီအစဉ်တစ်ခု ဖြစ်သော Dai-ichi Life Pro အား ယခုနှစ်အတွင်း သုံးစွဲသူများထံသို့ မိတ်ဆက်ပေးနိုင်ခဲ့သည်။ ထို့အပြင် အနာဂတ်တွင် အသစ်မိတ်ဆက်ပေးသွားမည့် အသက်အာမခံ အစီအစဉ်များသည်လည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ လိုအပ်ချက်များနှင့် တစ်ထပ်တည်း ကိုက်ညီမှု ရှိစေရန်အတွက်လည်း ရည်ရွယ်ဆောင်ရွက်လျက် ရှိသည်။

Dai-ichi Life Group အနေနှင့် အာမခံချက် အပြည့်အဝ ရှိသော အသက် အာမခံ အစီအစဉ်များဖြင့် ၁၁၈ နှစ် ပြည့်မြောက်သည်အထိ ဝန်ဆောင်မှုပေးနေနိုင်ခဲ့ခြင်းသည် အမှန်တစ်ကယ် အထူး ဂုဏ်ယူသင့်သည့် သမိုင်းမှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။ နိုင်ငံတကာသို့ လုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်ခဲ့သည့် ပထမဦးဆုံး ဂျပန် အာမခံကုမ္ပဏီကြီး တစ်ခု ဖြစ်သည်နှင့်အညီ Dai-ichi Life Group သည် အာမခံ ဝန်ဆောင်မှု လုပ်ငန်းများ ဝန်ဆောင်မှုပေးသည့် ဈေးကွက်တိုင်းတွင် အရည်အသွေး အမြင့်မားဆုံးနှင့် ဈေးကွက်နှင့် သင့်တော်မှုအရှိဆုံး အာမခံ ဝန်ဆောင်မှုအစီအစဉ်များကိုသာ ပေးသွားရန် ရည်ရွယ် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ ရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက်လည်း နိုင်ငံတကာနှင့် သက်ဆိုင်ရာ ပြည်တွင်းဈေးကွက်များမှ ကျွမ်းကျင်ပညာရှင်များနှင့် အကောင်းမွန်ဆုံးသော နည်းပညာများ၊ စွမ်းဆောင်ရည်များနှင့်အတူ ပေါင်းစပ်လုပ်ကိုင်လျက်ရှိသည်။

အသက်အာမခံ ဝန်ဆောင်မှုလုပ်ငန်း စတင်တည်ထောင်စဉ်ကတည်းက လုပ်ငန်းလုပ်ကိုင်သည့် ဈေးကွက်အသီးသီးရှိ လူမှု့အသိုင်းအဝန်းများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် အသက်အာမခံ ဝန်ဆောင်မှု များကိုသာ ဝန်ဆောင်ပေးခဲ့သည့် Dai-ichi Life Group သည် မြန်မာနိုင်ငံတွင်လည်း နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်းစီ အတွက် ပိုမိုအကျိုးရှိစေမည့် အသက်အာမခံ ဝန်ဆောင်မှု လုပ်ငန်းများအား ဝန်ဆောင်ပေးသွားမည် ဖြစ်ပြီး အတိုင်းအဆမဲ့ လုပ်ဆောင်နိုင်စွမ်းများအား ရရှိသွားစေရန် ကူညီပေးသွားမည် ဖြစ်သည်။

“အခုလို Dai-ichi Life Group အနေနဲ့ လုပ်ငန်းတည်ထောင်မှု နှစ်ပေါင်း ၁၁၈ နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့တဲ့အတွက် တစ်ကယ့်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်မတို့ Dai-ichi Life Insurance Myanmar အနေနဲ့လည်း Dai-ichi Life Group ရဲ့ ခံယူချက်တွေ၊ မူဝါဒတွေနဲ့အညီ မြန်မာနိုင်ငံမှာ ဂုဏ်ယူဝင့်ကြွားမှု အပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အပြင် နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ အမြဲအတူတကွ လက်တွဲရပ်တည်ပြီး သူတို့ရဲ့ ဘဝနေထိုင်မှုတွေကို အတိုင်းအဆမဲ့ အကောင်းဆုံး ဖြည့်ဆည်း ပေးသွားနိုင်စွမ်း ရှိတဲ့ အာမခံ အစီအစဉ်တွေကိုလည်း ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဘဝရဲ့ မည်သည့်အခြေအနေမျိုးအတွက်မဆို အပြည့်အဝ ယုံကြည်စိတ်ချရတဲ့ ငွေကြေးဆိုင်ရာ လုံခြုံမှုတွေကိုလည်း ပေးအပ်သွားဖို့ကို ရည်ရွယ်ဆောင်ရွက်နေတာကြောင့် သူတို့ မျှော်လင့်ထားတဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေဆီကို အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်စေဖို့ အတွက် အကောင်းမွန်ဆုံး ကူညီပံ့ပိုးပေးသွားနိုင်မှာလည်း ဖြစ်ပါတယ်” ဟု Dai-ichi Life Insurance Myanmar ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ဇာခြည်တင်မှ ပြောကြားခဲ့သည်။

၁၉၀၂ ခုနှစ်တွင် Tsuneta Yano မှ စတင်တည်ထောင်ခဲ့သည့် Dai-ichi Life Insurance ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ပထမဦးဆုံးသော mutual အသက်အာမခံ ကုမ္ပဏီတစ်ခု ဖြစ်သည့်အပြင် ထိုအချိန်မှစတင်၍ နိုင်ငံပေါင်း (၉) နိုင်ငံအထိ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ကာ အာမခံ ထားရှိသူပေါင်း (၆၆) သန်းကျော်အား အသက်အာမခံ ဝန်ဆောင်မှုများစွာကို ပေးအပ်လျက် ရှိသည်။ လက်ရှိတွင် စင်ကာပူ နှင့် နယူးယောက် မြို့ကြီးများရှိ ဒေသဆိုင်ရာ ရုံးချုပ်ကြီးနှစ်ခု နှင့်အတူ ကမ္ဘာတစ်ဝှမ်းတွင် ကိုယ်စားလှယ်ရုံးခန်းများစွာ ဖွင့်လှစ်ထားသည့် Dai-ichi Life Group သည် အာရှပစိဖိတ် ဒေသတွင်းရှိ အလားအလာ ကောင်းမွန်သော စျေးကွက်များအပေါ် အထူးအလေးပေး ဆောင်ရွက်လျက် ရှိသည်။ နှစ်ပေါင်းများစွာသော လုပ်ငန်းအတွေ့အကြုံများနှင့်အတူ တစ်ကမ္ဘာလုံးတွင် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည့် Dai-ichi Life Group သည် မြန်မာနိုင်ငံတွင်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ လိုအပ်ချက်များနှင့် သင့်တော်မှု အရှိဆုံးသော အကောင်းမွန်ဆုံး ဝန်ဆောင်မှုများ၊ ထုတ်ကုန်များကို ဝန်ဆောင်မှုပေးသွားရန် အသင့်ရှိနေပြီ ဖြစ်ပါသည်။

“ဒီနေ့မှာတော့ ကျွန်တော်တို့ Dai-ichi Life Group အနေနဲ့ အာမခံထားရှိသူတွေအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေကို ပေးအပ်လာခဲ့တာ နှစ်ပေါင်း (၁၁၈) နှစ် ပြည့်မြောက်ခဲ့ပြီး အရမ်းကို အရေးပါတဲ့ မှတ်တိုင်တစ်ခုကို အောင်မြင်စွာ စိုက်ထူ နိုင်ခဲ့ပါပြီ။ စိတ်အေးချမ်းသာစေမှု၊ ရေရှည် ရည်ရွယ်လုပ်ဆောင်မှု၊ သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှု အစရှိတဲ့ ကျွန်တော်တို့ရဲ့ အဓိက ခံယူချက်တွေကို အာရှ လူမျိုးတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ စိတ်ရင်းစေတနာတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ခဲ့တဲ့ အတွက်လည်း ကျွန်တော်တို့ရဲ့ လုပ်ငန်းစုကြီးဟာ အခုလို ပိုမိုခိုင်မာတောင့်တင်းလာခဲ့တာ ဖြစ်ပါတယ် ”ဟု Dai-ichi Life Insurance Myanmar ၏ Deputy Chief Executive Officer ဖြစ်သူ Mr. Yoshihito Takahama မှ ပြောကြားခဲ့သည်။

Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း စတင်လုပ်ကိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန (လက်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ၀န်ကြီးဌာန) မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် အသက်အာမခံလိုင်စင်ရရှိခဲ့ပြီး ယခုအခါတွင် လုပ်ငန်းဆောင်ရွက်မှုများ အပြည့်အဝလည်ပတ်နေနိုင်ပြီ ဖြစ်သည်။ Dai-ichi Life Insurance Myanmar ၏ လုပ်ဆောင်ချက်အားလုံးသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေရေး ကိုသာ ပထမဦးစားပေးအဖြစ် ရည်ရွယ်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော “Dai-ichi People First Fund” အစီအစဉ်ကို လက်ရှိတွင် Dai-ichi Life Insurance Myanmar သည် အာမခံထားရှိသူများအတွက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ ကာလတိုးမြှင့်၍ ဆက်လက် ဝန်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါ အစီအစဉ်အရ အာမခံ ထားရှိသူများအနေဖြင့် မမျှော်လင့်ပဲ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဆေးကုသမှု ခံယူရပါက ဆေးရုံတက်ရောက်ကုသမှုအချိန်ကာလ ၁၀ ရက် အထိ တစ်ရက်လျှင် အပိုဆောင်း ထောက်ပံ့ငွေ ၁၅၀,၀၀၀ ကျပ် (စုစုပေါင်း အပိုဆောင်း ထောက်ပံ့ငွေ ကျပ် ၁၅ သိန်းအထိ) Dai-ichi Life Insurance Myanmar မှ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ အကယ်၍ အာမခံ ထားရှိသူသည် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် မမျှော်လင့်ပဲ ဆုံးပါး သွားခဲ့ပါက ကျန်ရစ်သည့် အကျိုး ခံစားခွင့် ရှိသူထံ ထပ်ဆောင်း အကျိုးခံစားခွင့် ငွေ ကျပ်သိန်း ၃၀ အား ထပ်မံ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ “Dai-ichi People First Fund” အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား Dai-ichi Life Insurance Myanmar ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သည့် https://www.dai-ichi-life.com.mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ Dai-ichi Life Insurance Myanmar သည် အာမခံထားရှိသူများနှင့် ၎င်းတို့၏ မိသားစုများအား ကာကွယ်ရန် “ထာဝရသင်နှင့် အတူ” ဟူသော ခံယူချက်နှင့်အညီ မဆုတ်မနစ် ဆက်လက်လုပ်ဆောင်သွားဖို့ အဆင်သင့် ရှိနေပြီ ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top