အထောက်အထားအတု ကိုင်ဆောင်မှုနဲ့ မြန်မာအလုပ်သမား (၂၀) ကျော် ဖမ်းဆီးခံရ

17-6-2021-yyl-54.jpg

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်အတွင်းက မြန်မာအလုပ်သမား (၂၀) ကျော် တရားမဝင်ခိုးဝင်လာမှု၊ အထောက်အထားအတုတွေ ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရွှေပြောင်းအလုပ်သမားအရေးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အစ်ဆာရာမြန်မာဆီက သိရပါတယ်။

ထိုင်းနိုင်ငံနယ်မြေခံရဲတပ်ဖွဲ့က စမွတ်စခွန်ခရိုင်အတွင်း ရေထွက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတစ်ခုကို ဇွန်လ (၂၂) ရက်နေ့က ဝင်ရောက်စစ်ဆေးရာမှာ အခုလိုမြန်မာအလုပ်သမား (၂၀) ကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အလုပ်သမားတွေသိထားဖို့က ထိုင်းနိုင်ငံအတွင်း စာရွက်စာတမ်း၊ အထောက်အထားအတု ပြုလုပ်၊ ကိုင်ဆောင်တာဟာ ပိုပြီး ရာဇဝတ်မှုမြောက်တဲ့အပြင် ပြစ်ဒဏ်လည်း ကြီးလေးပါတယ်။ သာမန်အထောက်အထားမဲ့သူတွေကို ဖမ်းမိရင် မြန်မာနိုင်ငံကို ပြန်ပို့တာလောက်သာ လုပ်တာပါလို့ အစ်ဆာရာမြန်မာက သတိပေးလိုက်ပါတယ်။

ထိုင်းဥပဒေအရ စာရွက်စာတမ်းအတု ကိုင်ဆောင်ကြောင်း ထင်ရှားရင် ကျူးလွန်သူကို ထောင်ဒဏ် (၂) အပြင် ငွေဒဏ်လည်းချမှတ်ခံနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top