ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက် ကိုဗစ်ပိုးတွေ့ရှိခဲ့ရတဲ့ သူနာပြုတစ်ဦး

30-12-2020-yyl08.jpg

ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက်မှာလည်း လက်ဆေးတာ၊ Social Distancing စည်းမျဉ်းလိုက်နာတာ၊ Mask ဝတ်တာတွေကလည်း အရေးကြီးနေတယ်ဆိုတာကို သူနာပြုတစ်ဦးရဲ့ဖြစ်ရပ်က အသိပေးလို့နေပါတယ်။ အရေးပေါ်ဌာနရဲ့သူနာပြုတစ်ဦးဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ပေမဲ့ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဆန်ဒီရေဂိုမြို့က အသက် ၄၅ နှစ်အရွယ် သူနာပြုတစ်ဦးဖြစ်သူ မက်သရူးဆိုတဲ့အမျိုးသားဟာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ Pfizer ကာကွယ်ဆေးကို ထိုးနှံခဲ့ရပြီး သူ ကြုံတွေ့ခဲ့ရတဲ့ကာကွယ်ဆေးရဲ့တစ်ခုတည်းသောဘေးထွက်ဆိုးကျိုးက လက်မောင်းရောင်ရမ်းနာကျင်တာဖြစ်တယ်လို့ ဆိုပါတယ်။ COVID-19 ကုသရေးဆောင်မှာ နေ့ဆိုင်း၊ ညဆိုင်းနဲ့အလုပ်လုပ်ပြီးတဲ့နောက် (၆) ရက်အကြာမှာ မက်သရူးဟာ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ ကြွက်သားနာကျင်တာနဲ့ ပင်ပန်းနွမ်းလျတာတွေဖြစ်လာခဲ့ပါတယ်။ ဆေးရုံရဲ့ဆေးစစ်ချက်အဖြေက သူဟာ ကိုဗစ်ရောဂါပိုးရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို မမျှော်လင့်ထားခဲ့ကြောင်း၊ လူနာတွေ ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက် COVID-19 ကာကွယ်ပေးမယ့်အာနိသင်က ချက်ချင်းအစွမ်းမပြဘူး။ (၁၀) ကနေ (၁၄) ရက်လောက် အချိန်ယူရတယ်လို့ ကူးစက်ရောဂါအထူးကု ဒေါက်တာ ခရစ်ယာန် ရမ်မာစ်က ပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးပြီးတာတောင် မက်သရူး ကိုဗစ်ပိုးတွေ့ရှိခဲ့ရခြင်းရဲ့ နောက်ထပ်ဖြစ်နိုင်ခြေကတော့ Covid-19 ရောဂါပျိုးချိန်က ၁၄ ရက်အထိ ကြာမြင့်နိုင်လို့ မက်သရူးက ဒီဇင်ဘာ ၁၈ ရက်နေ့ ကာကွယ်ဆေးမထိုးခင်ကတည်းက ရောဂါကူးစက်ခံနေရတာလည်းဖြစ်နိုင်ပါတယ်။ မက်သရူးရဲ့ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် ကာကွယ်ဆေးက ကုထုံးမဟုတ်ဘူးဆိုတာ သတိပေးနေတာပါ။

ကပ်ရောဂါဖြစ်ပွားတာကို အဆုံးသတ်ဖို့က အချိန်ယူရဦးမှာဖြစ်ပြီး Social Distancing စည်းမျဉ်းတွေ၊ Mask ဝတ်တာနဲ့ လက်ဆေးတာတွေလို ပြည်သူ့ကျန်းမာရေးအလေ့အကျင့်တွေကို ဆက်လက်လုပ်ဆောင်သွားရဦးမှာဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

Ref: ABCNews “Nurse tests positive for COVID-19 shortly after getting vaccinated”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top