အင်ဒိုနီးရှားမှာ ၇.၄ မဂ္ဂနီကျူ့စ်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်

14.12.2021yyl15.jpg

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆာလူဝီဆီပြည်နယ် ကမ်းလွန်ဘက်မှာ ၇.၄ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့လို့ ဒေသခံတွေဟာ နေအိမ်တွေ၊ အဆောက်အအုံတွေကနေ ထွက်ပြေးခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ဒေသစံတော်ချိန် ၁၀ နာရီခွဲက ဖလောရက်စ်ပင်လယ်ပြင်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီး အရှေ့ပိုင်းနူဆာတန်ဂါရာဒေသမှာ ငလျင်ဒဏ် ခံစားခဲ့ရတာလို့ အရာရှိတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးမှု ဘယ်လောက်ရှိလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ ပြင်းထန်တဲ့ တုန်ခါမှုတွေ ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆူနာမီလှိုင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ဂျာဗားကျွန်းပေါ်က ဆီမီရူမီးတောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆၄ ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး ၁၀ ရက်အကြာမှာ အခုလို ငလျင်လှုပ်ခတ်ခဲ့တာပါ။ မာကက်ဆာမြို့မှာ ဈေးဆိုင်တွေ၊ အဆောက်အအုံတွေထဲကနေ လူတွေ ပြေးထွက်လာတဲ့ ရုပ်သံမှတ်တမ်းတွေကို လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။ ဆေးရုံနဲ့ ဟိုတယ်က လူတွေကို ဖယ်ရှားပေးခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက မီးတောင်နဲ့ ပြတ်ရွေ့ကြောတွေရှိရာ မီးတောင်စက်ကွင်းဒေသမှာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်လှုပ်ခတ်မှုတွေ ကြုံရလေ့ရှိပါတယ်။

Ref: BBC “Indonesia earthquake: 7.4 magnitude quake shakes South Sulawesi”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top