ကနေဒါမှာ ဆေးခြောက် တရားဝင် ရောင်းဝယ်ခွင့်ပြု

adventure-alpine-canada-756790-1-1024x768.jpg

ကနေဒါလွှတ်တော်ဟာ ကနေဒါအစိုးရရဲ့ ဆေးခြောက်ကို နိုင်ငံတော်အဆင့် တစ်နိုင်ငံလုံးအနေအထားနဲ့ တရားဝင်ရောင်းဝယ်ဖို့ ခွင့်ပြုမှုကို သဘောတူလိုက်ပါပြီ။ နှစ်ပေါင်း ၉၀ ကြာ ဥပဒေအရ တားမြစ်ပိတ်ပင်ထားတဲ့ ဆေးခြောက်သုံးစွဲမှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကနေဒါလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၅၂ မဲ ကန့်ကွက်မဲ ၂၉ မဲနဲ့ အနိုင်ရရှိကာ တရားဝင်ခွင့်ပြုခဲ့တာပါ။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒီယူ (Justin Trudeau) က ဆေးခြောက်ဟာ ကနေဒါမှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီး တရားဝင် ဖြစ်လာတော့မှာဖြစ်ပြီး စီရင်စု ၁၃ ခုလောက်မှာတော့ လက်လီအရောင်းဆိုင်တွေအထိ ရောင်းချနိုင်ဖို့ ပြင်ဆင်ချိန် ၈ ပတ်ကနေ ၁၂ ပတ်လောက်ထိ ကြာဦးမယ်လို့ ဆိုပါတယ်။

ကနေဒါဟာ ကမ္ဘာမှာ ဥရုဂွေးပြီးရင် ဒုတိယမြောက် ဆေးခြောက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်လီဈေးကွက်အထိ ခွင့်ပြုတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါပြီ။ အမေရိကန်မှာ ပြည်နယ် ၉ ခုသာ ဆေးခြောက် သုံးစွဲခွင့်ရှိထားပြီး တစ်နိုင်ငံလုံး အနေအထားနဲ့ တရားဝင် မဖြစ်သေးပါဘူး။

အခုလို တရားဝင်သတ်မှတ်နိုင်ဖို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ အလယ်လောက်ကတည်းက ကြိုးပမ်းနေတာဖြစ်ပြီး အခုထက်ပိုစောစော ခွင့်ပြုဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စီရင်စုအလိုက် ဆေးခြောက်သုံးစွဲမှုနဲ့ ရောင်းချမှုဆိုင်ရာ ဥပဒေတွေလဲ မကြာခင် ပြဌာန်းသွားတော့မှာပါ။ ကနေဒါဟာ တစ်နိုင်ငံလုံးအနေအထားနဲ့ ဆေးခြောက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

စီရင်စုအလိုက် ဆေးခြောက်သုံးစွဲခွင့် သတ်မှတ်နိုင်တဲ့ အသက်အရွယ် အပိုင်းအခြားဟာ ၁၈ နှစ် (သို့) ၁၉ နှစ် အရွယ် အနည်းဆုံးဖြစ်နိုင်ပြီး ဒါဟာ အမေရိကန်မှာ သတ်မှတ်ထားတဲ့ ဆေးခြောက်သုံးစွဲခွင့်ရှိတဲ့ အသက်အရွယ် အပိုင်းအခြားထက် ပိုပြီးငယ်နေပါတယ်။

ကနေဒါ အစိုးရဟာ အခုလိုခွင့်ပြုဖို့ ကျန်းမာရေးဝန်ကြီးဟောင်း အန်နီ မက်လင်း (Anne McLellan) နဲ့ ရဲချုပ်ဟောင်း ဘေ ဘိုင်ယာ (Bill Blair) တို့ရဲ့ အကြံဥာဏ်ကို ရယူခဲ့တယ်လို့ ဆိုပါတယ်။

အရွယ်ရောက်ပြီးသူတိုင်းကို ဆေးခြောက် ၃၀ ဂရမ်အထိ သယ်ဆောင်ခွင့် ပြုထားသော်လည်း အရက်နဲ့ ဆေးရွက်ကြီးကို ဆေးခြောက်ရောင်းတဲ့ နေရာမှာ တွဲဖက်ရောင်းချခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။

ကနေဒါဟာ အခုလို ဆေးခြောက်ကို တရားဝင်ခွင့်ပြုတာဟာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဆေးခြောက်တွေဟာ ကနေဒါရဲ့ တရားမဝင်ဈေးကွက်မှာ ကန်ဒေါ်လာ သန်းပေါင်း ၇ ထောင် တန်ဖိုးလောက် ရောင်းဝယ်ဖောက်ကားနေတယ်လို့ ဆိုထားတာကြောင့်ပဲ ဖြစ်ပါတယ်။

Ref : Daily Mail “Canada legalizes recreational marijuana after bill is passed by the Senate – making it the second country in the world to have a nationwide cannabis market”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top