နာနတ်သီးထမင်းကြော် ကြော်စားမယ်

3-7-2020-yyl-038.jpg

နေ့တိုင်းဆိုင်ကဝယ်စားနေတဲ့ ပဲပြုတ်ထမင်းကြော်ကို ငြီးငွေ့နေပြီလား။ အပြောင်းအလဲလေးဖြစ်သွားအောင် နာနတ်သီး ထမင်းကြော် ကြော်စားကြည့်ပါလား။

ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူရှာဝယ်လို့ရတော့ မိသားစု အတွက် မနက်စာ ထမင်းကြော်လေး ရှယ်ဆွဲရတာပေါ့။

ပါဝင်ပစ္စည်း တွေကို ပြောပြမယ်နော်။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း ၊ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက် ၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ၊ ကြက်သွန်ဖြူ ၂ မွှာ ၊ ကြက်သွန်နီ ၁ လုံး ၊ မုန်လာဥနီ ၂ ချောင်း ၊ ပြောင်းဖူးစေ့ ခွက် ၁ ဝက်စာ ၊ဘိုစားပဲ ခွက် ၁ ဝက်စာ ၊ထမင်း ၊ နာနတ်သီး (အတုံးလေး တုံးထား) တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်ကိုကြည့်ရအောင်

၁။ ပန်းကန်လုံးအသေးထဲမှာ ပဲငံပြာရည် ၊ နှမ်းဆီ ၊ ဂျင်းမှုန့် နဲ့ ငရုတ်ကောင်းမှုန့် တို့ကို ရော မွှေပြီး သပ်သပ်ဖယ်ထားပါ။

၂။ ဒယ်အိုးထဲမှာ သံလွင်ဆီကို မီးအပူချိန် အတော်အသင့်နဲ့ အပူပေးပါ။ ကြက်သွန်ဖြူ ထောင်းထားပြီးသားနဲ့ ကြက်သွန်နီ အစိပ်လေးတွေစိပ်ထားပြီးသားတို့ကို ထည့်ပါ။ ကြက်သွန်နီ တွေ နွမ်းသွားတဲ့ အထိ ၃ မိနစ် ၄ မိနစ်လောက် မွှေပေးပါ။ ခြစ်ထားပြီးသား မုန်လာဥနီ ၊ ပြောင်ဖူးစေ့နဲ့ ဘိုစားပဲလုံးတို့ကို ထည့်ကြော် ပြီးအသီး အရွက်တွေ နူးသည်အထိ ပုံမှန် မွှေပေးပါ။

၃။ ထမင်း ၊ နာနတ်သီးတုံးလေးတွေနဲ့ အပေါ်မှာ သပ်သပ်ဖယ်ထားတဲ့ ပဲငံပြာရည် အရောတို့ထည့်ပါ။ ၂ မိနစ်လောက် သေချာလေး မွှေပြီး ကြော်လိုက်ရင် အရသာ ရှိတဲ့ နာနတ်သီး ထမင်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

ကဲ… ဘယ်လိုလဲ။ လျှာလည်သွားမှာနော် စားကြည့်။ အသားပါမှ ထမင်းစားဝင်သူတွေအတွက် ကြက်သား ဒါမှမဟုတ် ဝက်သားလည်း ထည့်ကြော်လို့ရပါတယ်။

Ref: Pineapple Fried Rice

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top