မူလတန်းကျောင်းသား/သူ ၂၅ ယောက်ကို အဆိပ်ခပ်ခဲ့တဲ့ ကျောင်းဆရာမကို သေဒဏ်ချမှတ်

29-9-2002-yyl-001.jpg

မူလတန်းကျောင်းသား၊ ကျောင်းသူ ၂၅ ယောက်ကို အဆိပ်ခပ်ခဲ့တဲ့ တရုတ်နိုင်ငံက ကျောင်းဆရာမကို ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဒေသဆိုင်ရာ တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ဝမ်ယန်လို့ အမည်ရတဲ့ ကျောင်းဆရာမဟာ ပြီးခဲ့တဲ့နှစ်က ကျောင်းသား၊ ကျောင်းသူတွေကို စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ယောက်နဲ့ အချင်းများခဲ့ကြပါတယ်။ အဲဒီနောက်မှာ ဝမ်ယန်က အဲဒီဆရာမရဲ့ အတန်းထဲက ကလေးတွေရဲ့ မနက်စာဆန်ပြုတ်ထဲမှာ ဆိုဒီယမ်နိုက်ထရိတ်အမှုန့်တွေ ဖြူးခဲ့တာပါ။ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်က ကျောက်ဇိုးမြို့ မူလတန်းကျောင်းက ကလေးငယ်တွေ နံနက်ခင်း ဆန်ပြုတ်စားပြီး မူးဝေ၊ အော့အန်ခဲ့လို့ ဆေးရုံပို့ခဲ့ရပြီးနောက် ဆရာမ ဝမ်ယန်ကို ဖမ်းဆီးခဲ့တာပါ။ အဲဒီဖြစ်ရပ်ကြောင့် ကလေးငယ်တစ်ယောက် သေဆုံးခဲ့ပါတယ်။

ဝမ်ယန်ရဲ့လုပ်ရပ်မှာ အော့နှလုံးနာစရာဖြစ်ပြီး ယုတ်မာရက်စက်လွန်းတယ်လို့ တရားရုံးက မှတ်ချက်ပေးခဲ့ပါတယ်။ အသားတွေကို အခြောက်လှန်းရင် ဆိုဒီယမ်နိုက်ထရိတ်ကို အသုံးပြုလေ့ရှိပေမဲ့ ပမာဏအများအပြား စားမိရင်တော့ အဆိပ်သင့်ပါတယ်။ ဝမ်ယန်ဟာ အရင်တုန်းကလည်း အွန်လိုင်းပေါ်ကနေ ဝယ်ယူခဲ့တဲ့ ဆိုဒီယက်နိုက်ထရိတ် ဝယ်ယူပြီး ခင်ပွန်းကို အဆိပ်ခပ်ခဲ့လို့ ခင်ပွန်းဖြစ်သူ ဝေဒနာ ခံစားခဲ့ရဖူးတယ်လို့ တရားရုံးက ကြားနာခဲ့ပါတယ်။

ဝမ်ယန်ရဲ့လုပ်ရပ်က ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ခံရသင့်တယ်လို့ တရုတ်နိုင်ငံပိုင် Global Times သတင်းစာက ရေးသားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း လူဘယ်လောက် ကွပ်မျက်လေ့ရှိသလဲဆိုတာကို တရုတ်အစိုးရက ထုတ်ဖော်ခြင်းမရှိပေမဲ့ လူထောင်ပေါင်းများစွာ ကွပ်မျက်လေ့ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်ထားပါတယ်။ တရုတ်နိုင်ငံဟာ ရာဇဝတ်သားတွေကို ကွပ်မျက်ရာမှာ ဆေးထိုးတာ၊ လက်မရွံ့တပ်ဖွဲ့ကို ပစ်ခတ်ခိုင်းတာတွေ လုပ်လေ့ရှိပါတယ်။

Ref: BBC ” Chinese teacher sentenced to death for poisoning nursery children”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top