မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအခြေအနေ ဆိုးဝါးနေတယ်လို့ ကုလသမဂ္ဂပြော

241196790_1326752591095702_6469644452602645334_n.jpg

ရန်ကုန်၊ နိုဝင်ဘာ (၁၂)

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက်များပြားနေသလို လူသားချင်းစာမှုအခြေအနေက ဆိုးဝါးနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက သိရပါတယ်။

ရံပုံငွေနည်းပါးတာနဲ့ သွားလာခွင့်ကန့်သတ်ထားတဲ့အတွက် ထိခိုက်လွယ်တဲ့ မိသားစုတွေဆီကို အကူအညီတွေ ရောက်သင့်သလောက် မရောက်နိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Emergency Relief Coordinator Mr Martin Griffiths ဟာ နိုင်ငံတကာက အလှူရှင်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးဖို့၊ အကူအညီလိုအပ်နေသူတွေဆီကို အကူအညီတွေ လုံခြုံမြန်ဆန်စွာနဲ့ ချောမွေ့စွာ ရောက်ရှိစေဖို့အတွက် တပ်မတော်နဲ့ အခြားသက်ဆိုင်သူတွေကို နိုဝင်ဘာလ (၈) ရက်နေ့က တောင်းဆိုလိုက်ပါသေးတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူပေါင်း (၂၂၃၀၀၀) ကျော်က နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ပြည်တွင်းက နေရပ်စွန့်ခွာသူအများဆုံးတွေ့ရတဲ့ နေရတွေက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တွေ ဖြစ်တယ်လို့ UNHCR ဖော်ပြချက်အရ သိရပါတယ်။

Photo- United Nations OCHA
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top