မြန်မာပြည်က လူဦးရေတစ်ဝက်ကျော် အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ်လို့ လူ့အခွင့်အရေးမဟာမင်းကြီးပြော

7-7-2021-yyl-26.jpg

၂၀၂၂ ခုနှစ် မတိုင်မီ မြန်မာပြည်က လူဦးရေတစ်ဝက်ကျော်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ နိုင်ငံရေးပြသနာကနေ လူ့အခွင့်အရေးကပ်ဘေးအထိဆိုက်ရောက်နေပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာပြည်အတွင်းမှာ “တိုက်တိုက်ခိုက်နေကြတဲ့အဖွဲ့တွေအားလုံး လူ့အခွင့်အရေးကိုလေးစားဖို့နဲ့ အများပြည်သူတွေနဲ့ဆိုင်တဲ့နေရာတွေ၊ ကျောင်းတွေ၊ ကျန်းမာရေးဆိုင်ရာနေရာတွေကို ကာကွယ်ပေးဖို့” သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတကာတာဝန်ခံမှုယန္တယားကို အသုံးချပြီး တရားမျှတမှုဖော်ဆောင်နိုင်ဖို့နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးကို ရရှိအောင် လုပ်ဆောင်ပေးသင့်သလို ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အရပ်ဖက်လူထုအဖွဲ့များရဲ့အသံကို အလေးထားနားထောင်ဖို့ လူ့အခွင့်အရေးမဟာမင်းကြီးက ဇူလိုင်လ (၆) ရက်နေ့မှာ ပြောခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံက လူပေါင်း(၂) သိန်း နီးပါးက အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ United Nations OCHA က ထုတ်ပြန်ထားပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top