မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို အတားအဆီးမရှိဘဲ သာတူညီမျှထိုးနှံပေးဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီပြော

245430096_890798724884632_7484065310738741938_n-1.jpg

ရန်ကုန်၊ နိုဝင်ဘာ (၁၂)

မြန်မာနိုင်ငံအတွင်း Covid-19 ကာကွယ်ဆေးတွေကို ဘေးကင်းလုံခြုံစွာနဲ့ အတားအဆီးတစ်စုံတစ်ရာ မရှိဘဲ သာတူညီမျှ ထိုးနှံပေးနိုင်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“Covid-19 ကာကွယ်ဆေးကို ပြည်သူတွေအားလုံး လက်လှမ်းမီ ရရှိအောင်ဆောင်ရွက်သင့်တယ်” ကောင်စီအဖွဲ့ဝင်တွေက ဒီနေ့မှာ အလေးအနက် ပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်တွေအရ နိုဝင်ဘာ (၉) ရက်နေ့အထိ မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၈.၈၅) သန်း ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့လည်း အရေးကြီးတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ထောက်ပြပြောဆိုခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဘေးကင်းလုံခြုံစွာနဲ့ အတားအဆီးတစ်စုံတစ်ရာမရှိဘဲ အပြည့်အ၀ အကူအညီ ပေးခွင့်ပြုဖို့၊ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းလုပ်ဆောင်နေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့နဲ့ လုံခြုံရေးကိုလည်း အပြည့်အဝကာကွယ်စောင့်ရှောက်မှု ပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Photo- နေပြည်တော်ကောင်စီ
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top