ပဋိဇီဝဆေးယဉ်ပါးခြင်းဆိုတာ ဘတ်တီးရီးယားပိုး၊ ဗိုင်းရပ်စ်မှိုပိုးနဲ့ ကပ်ပါးပိုးကောင်တွေက အချိန်ကြာလတာနဲ့အမျှ ပြောင်းလဲလာပြီး သူတို့ကို ကုသပေးတဲ့ဆေးဝါးတွေအပေါ် တုံ့ပြန်မှုမရှိတော့တာ ဖြစ်ပါတယ်။
ဘယ်လိုပျံ့နှံ့နိုင်လဲ
- ဆေးယဉ်ပါးခြင်းက လူတစ်ဦးနဲ့ တစ်ဦးကြားမှာ အသား၊ ငါး စားသုံးခြင်း အပါအဝင် အခြားနည်းလမ်းတွေဖြစ်တဲ့ တိရစ္ဆာန်ကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
- ဆေးယဉ်ပါးစေနိုင်တဲ့ ရောဂါပိုးမွှားတွေက လူ၊ တိရစ္ဆာန်၊ အစားအသောက်၊ အပင်နဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ တွေ့ရှိနိုင်ပါတယ်။
ဘယ်လိုဖြစ်ပွားနိုင်လဲ
- ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲခြင်းနဲ့ မှားယွင်းစွာ သုံးစွဲခြင်း
- လူနဲ့ တိရစ္ဆာန်တွေအတွက် သန့်ရှင်းတဲ့ရေ၊ တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး မရှိခြင်း
- ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့နေရာတွေနဲ့ စိုက်ပျိုးမွေးမြူရေးခြံတွေမှာ ရောဂါကူးစက်မှု ကာကွယ်ခြင်းနဲ့ ရောဂါထိန်းချုပ်မှု အားနည်းခြင်း
- အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာတဲ့ ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေနဲ့ ရောဂါရှာဖွေရေး ပစ္စည်းတွေကို လွယ်ကူစွာ မရရှိနိုင်ခြင်း
- ဆေးယဉ်ပါးခြင်း၊ ကူးစက်ရောဂါ ကာကွယ်ကုသခြင်းနဲ့ ပတ်သက်ပြီး အသိပညာ အလုံအလောက်မရှိခြင်း
- ဆေးဝါးထိန်းချုပ်ရေး ဥပဒေတွေကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း
ဘာကြောင့်စိုးရိမ်ရတာလဲ
- အဆုတ်ရောင်ရောဂါ၊ TB ရောဂါနဲ့ ဌက်ဖျားရောဂါ အပါအဝင် ကူးစက်ရောဂါတွေဟာ ဆေးယဉ်ပါးမှုကြောင့် သူတို့ကို ကုသပေးတဲ့ ဆေးတွေရဲ့ အာနိသင် လျော့နည်းလာတဲ့အတွက် ကုသရန် ပိုမိုခက်ခဲလာခြင်း
- ဆေးယဉ်ပါးမှုဟာ ဆေးရုံတက်ရတဲ့ရက် ပိုမိုကြာရှည်ခြင်း၊ ကုသစရိတ် ပိုမိုမြင့်မားခြင်းနဲ့ သေဆုံးမှုကို ပိုမိုများပြားစေနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
- ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှု ပေးသူတွေကညွှန်ကြားပေးတဲ့ ပဋိဇီဝဆေးတွေကို ညွှန်ကြားချက်အတိုင်း တိကျစွာ သောက်သုံးသင့်ပါတယ်။
- ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှု ပေးသူတွေက မညွှန်ကြားတဲ့ ပဋိဇီဝဆေးတွေကို သောက်သုံးရန် မတောင်းဆိုပါနဲ့
- ပဋိဇီဝဆေး သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုပေးသူရဲ့ အကြံဉာဏ်ကို အမြဲရယူသင့်ပါတယ်။
- ကျန်ရှိနေတဲ့ ပဋိဇီဝဆေးတွေကို တစ်ဦးနဲ့တစ်ဦး မျှေ၀ သုံးစွဲခြင်းမပြုပါနဲ့
- လက်ကို မကြာခဏ ဆေးကြောပါ၊ အစားအသောက်တွေကို သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်စားသောက်ပါ၊ ဖျားနာနေသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ကျင်သုံးပါ၊ ကာကွယ်ဆေးတွေကို အချိန်နဲ့ တစ်ပြေးညီ ထိုးနှံပါ။
ဆေးယဉ်ပါးခြင်းက ရောဂါကုသမှုကို ပိုမိုခက်ခဲစေနိုင်သလို ရောဂါကူးစက်မှုကို ပိုမိုမြန်ဆန်နိုင်တဲ့အတွက် ရောဂါပြင်းထန်ပြီး အသက်သေဆုံးနိုင်ပါတယ်။
source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Photo- Internet
Team(ရိုးရာလေး)