ဘာရောဂါမှမရှိဘဲ အိပ်စက်နေစဉ် သေဆုံးခြင်း (SUDS)

38EAC2C300000578-0-image-a-2_1475151547110.jpg

ပုံမှာ မြင်တွေ့ရတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးဟာ အိပ်ယာပေါ်မှာ အိပ်ရင်း ရုတ်တရက်ကွယ်လွန်သွားပါတယ်။ ကျန်းမာရေး အကောင်းပကတိရှိပေမယ့် အကြောင်းပြချက်မရှိ သေခြင်းဖြစ်ပြီး သူ့ကို အင်္ဂလိပ်လို SUDS လို့ခေါ်ပါတယ်။
Sudden unexpected death syndrome ဖြစ်ပါတယ်။ ယင်းဟာ လူငယ်တွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ စစ်တမ်းအရ အရှေ့တောင်အာရှမှာ လူငယ်တွေ ကားအက်ဆီးဒန့်ဖြစ်တာထက် SUDS နဲ့ ကွယ်လွန်တဲ့ အရေအတွက်ကများကြောင်း ဆိုပါတယ်။

ယခု ပုံပါ အမျိုးသမီးကတော့ အသက် ၁၉ နှစ်အရွယ် ဗြိတိန်မှ အမျိုးသမီး ဖြစ်ပြီး အိပ်စက်နေစဉ် ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။ ယင်းမတိုင်ခင်လည်း ဘာ ကျန်းမာရေး အားနည်းချက်များမှ မရှိခဲ့ ပါဘူး။ ကျန်းမာရေး အကောင်းပကတိကနေ ကွယ်လွန်ခြင်း ဖြစ်ရပ်အတွက် ဆရာဝန်များလည်း စစ်ဆေးတာ ဘာ ပြစ်ချက်မှ မရှိပါဘူး။ နှလုံး၊ အူ၊ သွေး၊ အားလုံး ပုံမှန်နဲ့ ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။ ၁၉၇၇ ဝန်းကျင်ကနေ စလို့ ဆရာဝန်များ သတိထားမိလာတဲ့ ဝေဒနာ တစ်ခု ဖြစ်ပါတယ်။ သူဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။ ရုတ်တရက်ဖြစ်ပျက်သွားတတ်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး လူဦးရေ အနည်းငယ်မှာသာ ဖြစ်တတ်ပါတယ်။

အိပ်စက်နေစဉ် နှလုံးခုန်မှုနဲ့ သွေးလည်ပတ်မှု ကို သက်ရောက်ပြီး ရုတ်တရက် နှလုံးခုန် ရပ်တန့် သေဆုံးခြင်း ဖြစ်ပါတယ်။ ယခု ဗြိတိန်မှာ ၁၉ နှစ်အရွယ် ဒုတိယနှစ် ကျောင်းသူ ကွယ်လွန်မှုကြောင့် အနောက်တိုင်းမှာလည်း ဆွေးနွေး ပြောဆိုလာတဲ့ အကြောင်းအရာ တစ်ခုဖြစ်လာပါတယ်။

Ref : Dailymail : ‘Beautiful and caring’ student, 19, died in her sleep at her university halls of residence from Sudden Adult Death Syndrome’

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top