အစားရှောင်စရာ လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ဗိုက်အဆီတွေနည်းသွားစေမယ့် နည်းလမ်းတွေ

3-9-2021-yyl6.jpg

ကျွန်တော်တို့အများစုအဖြစ်များနေတာက ဗိုက်မှာ အဆီတွေရှိတာပါပဲ။ တချို့က ခန္ဓာကိုယ်မဝပေမဲ့ ဗိုက်မှာ အဆီတွေစုပြီးဗိုက်ပူနေတတ်ပါတယ်။ ဗိုက်သားအဆီတွေက လွယ်လွယ်နဲ့ချလို့မရတက်ပါဘူး။ ဗိုက်ကအဆီတွေမရှိချင်ရင် နည်းစနစ်ကျကျနဲ့ အစာရှောင်မယ်။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ပိုပြီး ထိရောက်ပါတယ်။ ဒါပေမဲ့ အစာလည်းမရှောင်ချင်ဘူး။ လေ့ကျင့်ခန်းလည်း မလုပ်ချင်ဘူး။ ဗိုက်အဆီတွေတော့ ဖယ်ရှားပစ်ချင်တယ်ဆိုရင် နည်းလမ်းတချို့တော့ရှိပါတယ်။

အစားအစာကို ခွဲတမ်းချပြီး စားတာက သော့ချက်ပါပဲ

သင် ထမင်းစားသုံးတဲ့ပမာဏကို ထိန်းမယ်ဆိုရင် ဗိုက်အဆီကျသွားစေနိုင်တဲ့ နည်းလမ်းတွေထဲမှာ သော့ချက်ပါပဲ။ ကျွန်တော်တို့တွေက ကယ်လိုရီများစေတဲ့၊ မလိုအပ်ဘဲ ဝိတ်တက်စေတဲ့ အစားအစာတွေကို မကြာခဏ အလွန်အကျွံစားမိတတ်ကြပါတယ်။ သင့်စားမယ့် အစားအစာကို ပမာဏသတ်မှတ်ထားတာက ကိုယ်အလေးအချိန်မတက်အောင်ကူညီပေးနိုင်သလို ကယ်လိုရီတွေလည်း များလာစေမှာမဟုတ်ပါဘူး။ ဗိုက်အဆီတချို့ကိုလည်း ကျသွားစေနိုင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ကို ရေရှည်ထိန်းပေးရာလည်းရောက်ပါတယ်။

အစားအစာကို ဖြည်းဖြည်းစားပြီး သေချာဝါးပါ

ဗိုက်အဆီကျချင်တယ်ဆိုရင် အစားအစာကို အရမ်းကြီးမစားပါနဲ့။ ထမင်းစားတဲ့အခါတိုင်း မြန်မြန်မစားဘဲ ဖြည်းဖြည်းချင်းစားဖို့နဲ့ သေချာဝါးစားဖို့ သတိရပါ။ ဒါက အစားအစာတွေကို ပိုပြီးထိရောက်စွာ ချေဖျက်ပေးပြီး သင့်အစာအိမ်မှာ အစောချေဖို့ ပိုပြီးလွယ်ကူသွားစေမှာပါ။ ဒါ့အပြင် ကောင်းကောင်းအစာခြေဖျက်နိုင်တာက ဗိုက်မှာ အဆီတွေစုနေစေမှာမဟုတ်သလို ခဏလေးနဲ့ ထပ်ပြီး ဗိုက်ဆာတာမျိုးလည်းဖြစ်စေမှာမဟုတ်ပါဘူး။

စိတ်ဖိစီးမှုမဖြစ်အောင်နေပါ။ အိပ်ရေးဝဝအိပ်ပါ

အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာတွေက ဗိုက်မှာ အဆီတွေဖြစ်လာစေနိုင်ပါတယ်။ အိပ်စက်ချိန်နည်းတာက ကိုယ်အလေးချိန်တက်တာနဲ့ ဗိုက်အဆီတွေချဖို့ ပိုပြီးခက်ခဲလာစေနိုင်တယ်လို့ သုတေသီတွေက ဆိုထးပါတယ်။ အိပ်တာနည်းတာက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပြီး ကော်တီဆုန်း (Cortisol) ဟော်မုန်းတွေကိုလည်း မငြိမ်မသက်ဖြစ်စေနိုင်ပါတယ်။ ကယ်လိုရီများတဲ့အစားအစာတွေကို ပိုပြီစားချင်စိတ်ဖြစ်လာစေပါတယ်။ ဒါကြောင့် တစ်နေ့ကို အိပ်ချိန် (၇-၈) နာရီပြည့်အောင် အိပ်စက်ဖို့နဲ့ စိတ်ဖိစီးမှုမဖြစ်အောင် ထိန်းဖို့ အရေးကြီးပါတယ်။

ခန္ဓာကိုယ်အနေအထားကိုလည်း ထိန်းပါ

အလုပ်လုပ်တဲ့အခါ သင့်ခန္ဓာကိုယ်အနေအထားမှန်ရဲလားဆိုတာ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်အနေအထား၊ ကိုယ်နေဟန်ထားမှန်မှန်နဲ့ အလုပ်မလုပ်ဘူးဆိုရင် နောက်ကျောနာကျင်တာ၊ အဆစ်အမြစ်နာကျင်တာတွေဖြစ်နိုင်သလို ဗိုက်မှာ အဆီပိုတွေဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်အနေအထားမှန်မှန်နဲ့ထိုင်တာက သင့်ဝမ်းဗိုက်ကြွက်သားတွေကို အံ့ဝင်ခွင်ကျဖြစ်စေပြီး ဗိုက်အဆီတွေနည်းသွားစေမှာဖြစ်ပါတယ်။

ရေများများသောက်ပါ

ရေက ကိုယ်အလေးချိန်ကျစေဖို့အတွက် အရေးကြီးတဲ့အပိုင်းပါပဲ။ သင့်တစ်နေ့တာကို မနက်စာမစားခင် ရေတစ်ခွက်သောက်ပြီး စတင်တာက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် ကယ်လိုရီများတဲ့အစားအစာတွေ စားချင်စိတ်ကိုလည်းဟန့်တားပေးနိုင်ပါတယ်။ အချိန်အကြာကြီးလည်း ဗိုက်ပြည့်အင်နေစေမှာဖြစ်ပါတယ်။ ခဏခဏဗိုက်စားတာလည်းမဖြစ်တော့တဲ့အတွက် ဗိုက်အဆီတွေလည်း များလာမှာမဟုတ်ပါဘူး။

Ref: Tips to lose belly fat without dieting or even exercise

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top