Super Bowl Halftime Show အတွင်း သီချင်းသီဆိုဖျော်ဖြေရင်း ဒူးထောက်ဉီးညွှတ်ခဲ့တဲ့ အမ်မီနမ်

14-2-2022-yyl1.jpg

တနင်္ဂနွေနေ့ညက ပြုလုပ်ခဲ့တဲ့ Super Bowl Halftime Show မှာ ၁၅ ကြိမ် ဂရမ်မီဆုရှင် အမ်မီနမ် (Eminem) ဟာ သီဆိုဖျော်ဖြေရင်း ဒူးထောက်ကာ ဉီးညွှတ်ခဲ့တဲ့အတွက် အခုနှစ်ပွဲရဲ့လူပြောစရာအများဆုံးအခိုက်အတန့်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ ရက်ပ်ပါအဆိုရှင် အမ်မီနမ်က သူ့ရဲ့နာမည်ကြီးသီချင်း “Lose Yourself” ကို ဖျော်ဖြေတင်ဆက်ရင်း ဒူးထောက်ပြီး ဉီးညွှတ်ကာ ခေါင်းကို လက်နဲ့ ကိုင်ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမျိုးရေးမမျှတမှုတွေကို အာရုံစိုက်လာစေဖို့ ၂၀၁၆ခုနှစ်က ကစားပွဲမတိုင်ခင် နိုင်ငံတော်သီချင်းသီဆိုစဉ်အတွင်း ဒူးထောက်ဆန္ဒပြပွဲကို ဉီးဆောင်ခဲ့တဲ့ နောက်တန်းကစားသမားဟောင်းနဲ့ တက်ကြွလှုပ်ရှားသူ ကိုလင် ကာပါနစ်ခ် (Colin Kaepernick) လုပ်ခဲ့တဲ့ အမူအရာလိုပါပဲ။

ဆန္ဒပြခဲ့တဲ့အတွက် ကိုလင်းက ကွင်းပြင်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ကိုလင်းကို ဘယ်အသင်းကမှ စာချုပ်ချုပ်မဆို၊ 49ers အသင်းကလည်း သူ့ကို စာချုပ်ပြန်လည်မချုပ်ဆိုတဲ့အတွက် အခြားကစားသမားတွေကလည်း နိုင်ငံတော်သီချင်းကို သီဆိုစဉ်အတွင်း ဒူးထောက်ခဲ့ကြပါတယ်။ ၂၀၁၇ခုနှစ်မှာ အမေရိကန်သမ္မတဟောင်း ထရန့်က ကစားသမားတွေကို ဆန့်ကျင်ပြီး သူတို့တွေက ကစားပွဲကို ဖျက်စီးနေကြတာလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ရဲအရာရှိတစ်ဉီးကြောင့် ဘစ်ဂ် ဖလွိုက် (George Floyd) သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝှမ်း လူမျိုးရေးတရားမျှတမှုဆိုင်ရာ ဆန္ဒပြမှုတွေဖြစ်လာခဲ့ပြီးနောက် အသင်း (၄) သင်းကလည်း NBA ကစားသမားနဲ့နည်းပြတွေက ၂၀၂၀-၂၀၂၁ ရာသီ ပထမဆုံးပွဲတွေမှာ နိုင်ငံတော်သီချင်းသီဆိုစဉ်အတွင်း ဒူးထောက်ခဲ့ကြပါတယ်။ National Football League (NFL)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ရန် မက်ကာသီ (Brain McCarthy) ကတော့ Show အတွင်း အမ်မီနမ် ဒူးထောက်တော့မယ်ဆိုတာ သူတို့သိခဲ့တယ်လို့ သတင်းဌာနကို ပြောခဲ့ပါတယ်။ NFL က သူ့ကို မလုပ်ဖို့ ပြောခဲ့တယ်လို့လည်း သတင်းထွက်ရှိခဲ့ပါတယ်။

“အခုအပတ်မှာ အစမ်းလေ့ကျင့်မှုမျိုးစုံလုပ်တဲ့အချိန် ရှိုးရဲ့ကဏ္ဍအားလုံးကို ကျွန်တော်တို့ ကြည့်ခဲ့ရပြီး အမ်မီနမ် အဲဒီလိုလုပ်တော့မယ်ဆိုတာ ကျွန်တော်တို့သိခဲ့ရတယ်။ ဒါက စိုးရိမ်စရာကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒီနေ့ ကစားသမား (ဒါမှမဟုတ်) နည်းပြတစ်ယောက်ယောက်က ဒူးထောက်နိုင်ပြီး ပြဿနာရှိမှာမဟုတ်ပါဘူး” လို့ ဘရိုင်ရန်က ပြောကြားခဲ့ပါတယ်။

Super Bowl Halftime Show ကတော့ စနုဒေါ့ (Snoop Dogg)၊ အမ်မီနမ်၊ ဒေါက်တာ ​ဒွေး (Dr. Dre)၊ မယ်ရီ ဂျေ ဘလိတ် (Mary J. Blige) လို ရက်ပ်ပါအဆိုရှင်တွေနဲ့ ပြည့်နေပါတယ်။ ပွဲအပြီးမှာ Los Angeles Rams အသင်းက Cincinnati Bengals အသင်းကို ၂၃-၂၀ မှတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Ref: CBSNews “Eminem takes a knee during Super Bowl halftime show”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top