Foo Fighters ရဲ့ ဒရမ်တီးသူ တေလာဟော်ကင် ကွယ်လွန်

26-3-2022-yyl08.jpg

အမေရိကန် ရော့ခ်တီးဂီတအဖွဲ့ Foo Fighters ရဲ့ ဒရမ်သမား တေလာဟော်ကင်ဟာ အသက် ၅၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ Foo Fighters ရဲ့ The Colour and the Shape အယ်လ်ဘမ် ထွက်ရှိပြီး မကြာခင်မှာပဲ တေလာဟော်ကင်က Foo Fighters ဝိုင်းတော်သား ဖြစ်လာခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကျော် တီးခတ်ခဲ့သူပါ။ Foo Fighters ဟာ လက်ရှိအချိန်မှာ ဥရုဂွေးနိုင်ငံ အဆန်စီယွန်မြို့ တေးဂီတဖျော်ဖြေပွဲကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

” သူ့ရဲ့ဂီတဝိဉာဉ်နဲ့ ကူးစက်တတ်တဲ့ အပြုံးက ကျွန်တော်တို့နဲ့အတူ ထာဝရ ရှိနေမှာပါ။ ကျန်ရစ်သူဇနီး၊ သားသမီး၊ မိသားစုနဲ့အတူ ကျွန်တော်တို့ ထပ်တူခံစားရပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ ဧရာမဆုံးရှုံးမှုအတွက် ယူကျုံးမရ ဖြစ်ရပါတယ်” လို့ Foo Fighters အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ တေလာဟော်ကင် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပါဘူး။

အဆိုတော် ကတ်ကိုဘိန်း ကွယ်လွန်သွားလို့ Nirvana အဖွဲ့ ပျက်ခဲ့ပြီးနောက် Nirvana အဖွဲ့ရဲ့ ဒရမ်တီးသူ ဒေ့ဗ်ဂရိုက ၁၉၉၄ ခုနှစ်မှာ Foo Fighters အဖွဲ့ကို တည်ထောင်ခဲ့တာပါ။ ဒေ့ဗ်ဂရိုဟာ Foo Fighters အဖွဲ့မှာတော့ ရှေ့ထွက်အဆိုတော်နဲ့ ဂစ်တာသမားအဖြစ် တာဝန်ယူခဲ့ပြီး တေလာဟော်ကင်က ဒရမ်တီးသူအဖြစ် တာဝန်ယူခဲ့တာပါ။

Ref: BBC “Taylor Hawkins: Foo Fighters’ drummer dies aged 50”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top