လမ်းတားတဲ့ ပလတ်စတစ်ကတော့အတွင်းခေါင်းညပ်နေတဲ့ ကောင်လေးကို မီးသတ်သမားတွေက ကယ်တင်ခဲ့ရတဲ့ဖြစ်ရပ်

14.2.24-yyl-0.jpg

မလေးရှားနိုင်ငံက ကောင်လေးတစ်ယောက်ဟာ Traffic cone (ပြု ပြင်နေတဲ့လမ်း. တံတားများ၊ လုပ်ငန်းခွင့်များ နှင့်အန္တရာယ်ဖြစ်နိုင်သောနေရာများကိုသိအောင် တားဆီးသတိပေးတဲ့ကတော့) အတွင်း ခေါင်းညပ်သွားခဲ့ပါတယ်။ ဘာကြောင့် အခုလိုခေါင်းညပ်သွားလဲဆိုတဲ့အကြောင်းအရင်းကတော့ မသိရသေးပါဘူး။ အဲ့ဒီကောင်လေးအတွက် ဒေသဆိုင်ရာမီးသတ်တပ်ဖွဲ့က အသေးစားကယ်ဆယ်ရေးလုပ်ငန်းစဉ်လုပ်ဆောင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကို ဇန်နဝါရီ ၂၄ ရက်နေ့ကတင်ခဲ့တဲ့ TikTok ဗီဒီယိုမှာ မြင်တွေ့ခဲ့ရတာပါ။ အဲ့ဒီကောင်လေးက သူ့ရဲ့ခေါင်းမှာ Traffic cone စွပ်လျက် မလှုပ်မရပ်ထိုင်နေခဲ့ပါတယ်။ မီးသတ်သမားတွေက သူ့ဘေးမှာ ရပ်ပြီး အဲ့ဒီအထဲက ၂ ဦးက Traffic cone ကို ငြိမ်နေအောင် ကိုင်ထားကြပါတယ်။ အခြားတစ်ဦးက ကောင်လေးရဲ့နောက်မှာရပ်ပြီး လွှကိုင်ထားပါတယ်။ အဲ့ဒီနောက် Traffic Cone ရဲ့အလယ်ကနေတဆင့် လွှနဲ့ ဖြတ်ခဲ့ပါတယ်။

ဗီဒီယိုမှာ အပြီးထိပြမထားပေမဲ့ Traffic Cone ကနေ လွတ်ဖို့ အနည်းငယ်လိုတော့တာကိုတော့ မြင်တွေ့ခဲ့ရတာကြောင့် ကောင်လေးရဲ့ခေါင်းမှာ စွပ်နေတဲ့ အဲ့ဒီအရာကို ဖယ်ထုတ်နိုင်ခဲ့ပုံရပါတယ်။

Ref: Penang boy’s head stuck in traffic cone, firefighters use saw to free him

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top