အမာခံပရိသတ်အဖြစ်ကနေ စူပါဟီးရိုးဇာတ်ကောင်ကို ကိုယ်တိုင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မင်းသမီး အိုင်မန်း ဗယ်လာနီ

8-6-2022-yyl18.jpg

အသက် ၁၉ နှစ်အရွယ် ပါကစ္စတန်-ကနေဒါမင်းသမီး အိုင်မန်း ဗယ်လာနီက Disney+ ရဲ့ တီဗီစီးရီး Ms. Marvel မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Marvel ကာတွန်းကို ပြန်လည်ရိုက်ကူးထားတဲ့ Ms. Marvel မှာ ဗယ်လာနီက ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသူလေး ကာမလာ ခန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။

ဇာတ်ကောင် ကာမလာခန်းက သူ့မှာ ကိုယ်ပိုင်စွမ်းအားရှိတယ်ဆိုတာ ရှာတွေ့သွားခဲ့တဲ့ စူပါဟီးရိုးအမာခံပရိသတ်လည်းဖြစ်ပါတယ်။ ဗယ်လာနီက သူ့ရဲ့ဇာတ်ကောင်လိုပဲ သူကိုယ်တိုင်ကလည်း စူပါဟီးရိုးအမာခံပရိသတ်တစ်ယောက်ပါ။ သူ့အသက် ၁၅ နှစ်တုန်းက Ms. Marvel ဝတ်စုံကို သူကိုယ်တို်ငဖန်တီးခဲ့ဖူးပါတယ်။

မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဗယ်လာနီက Ms. Marvel ဇာတ်ကောင်သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး “ဒါက အရမ်းကူးစက်တတ်တယ်။ Avengers နဲ့ပတ်သက်ပြီး ကာမလာဇာတ်ကောင်ရဲ့စွဲလမ်းမှုနဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုက တကယ့်ဘဝက Marvel ပရိသတ်တွေနဲ့ အရမ်းတူကြပါတယ်။ စူပါဟီးရိုးပရိသတ်တစ်ယောက်အနေနဲ့ပြောရရင် ကျွန်မ ကာမလာရဲ့ဇာတ်ကောင်ကို အလွယ်တကူလုပ်နိုင်မယ်လို့ ခံစားခဲ့ရတယ်။

ဒါတွေအားလုံးက တကယ်တော့ ရုပ်ရှင်ရိုက်ကူးရေးတစ်လျှောက်လုံး လက်တွေ့ဘဝမှာ ကျွန်မ ဘယ်လို ပြုမူမလဲဆိုတာကို လမ်းကြောင်းပြပေးနေတာပါ”လို့ ပြောပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်က Ms. Marvel ကို Marvel ကာတွန်းမှာ နာမည်ကြီးခဲ့တဲ့ စူပါဟီးရိုးအဖြစ် မြင်တွေ့ခဲ့ရတာပါ။ Marvel ကာတွန်းစီးရီးမှာ ပါတဲ့ ပထမဆုံးမွတ်စလင်ဇာတ်ကောင်လည်းဖြစ်ပါတယ်။

ဗယ်လာနီက “ဒီစီးရီးမျိုးက နောက်ထပ်မွတ်စလင်တွေနဲ့ တောင်အာရှဖန်တီးသူတွေကို သူတို့ရဲ့ဇာတ်ကြောင်းတွေ ပြောပြအောင် လှုံ့ဆော်မှုပေးနိုင်ဖို့ ကျွန်မ တကယ်မျှော်လင့်ပါတယ်။ ဒီစီးရီးက မွတ်စလင်ကောင်မလေးတစ်ယောက်အကြောင်းကိုပဲ ပြောပြထားတာကြောင့်မို့ပါ။ ကျွန်မတို့ဟာ ကမ္ဘာပေါ်က မွတ်စလင်နဲ့ တောင်အာရှလူမျိုး (၂) ဘီလျံလုံးကို ကိုယ်စားပြုလို့မရပါဘူး။ ဒါပေမဲ့ ဒါက အစပြုမှုဖြစ်ပြီး လူတွေက သူတို့နဲ့ဆက်စပ်တဲ့ ကာမလာရဲ့ဇာတ်လမ်းအစိတ်အပိုင်းတချို့ကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

ဗယ်လာနီက ကာမလာခန်းဇာတ်ကောင်နဲ့ပဲ ၂၀၂၃ခုနှစ်ရဲ့ Marvels ရုပ်ရှင်ကားမှာ Captain Marvel အဖြစ် သရုပ်ဆောင်ထားတဲ့ ဘရီလာဆင်နဲ့အတူ ပါဝင်မှာဖြစ်ပါတယ်။ ဘာရီလာဆင်နဲ့ပတ်သက်ပြီး သူက “ဘာရီက ကျွန်မကို စူပါဟီးရိုးဇာတ်ရုပ်က ဘယ်လိုပြောင်းလဲစေတယ်ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေ၊ သူရဲ့အသက်မွေးဝမ်းကြောင်းအကြောင်းတွေ မျှဝေပြောပြပေးတဲ့ ပထမဆုံးလူဖြစ်ခဲ့တယ်”လို့ ပြောပါတယ်။

စူပါဟီးရိုးဇာတ်ကောင်က လူတွေကို အရမ်းလွှမ်းမိုးနိုင်တယ်ဆိုတာကိုလည်း ဗယ်လာနီက အခုလို ပြောသွားခဲ့ပါတယ်။ “Marvels က သရုပ်ဆောင်တွေကို အာရုံစိုက်မှုနဲ့ ကြီးမားတဲ့ပရိသတ်များစွာကို ပေးစွမ်းတာမို့ တစ်ခါတလေ တကယ်ကို လွှမ်းမိုးနိုင်တယ်။ ဒီနေရာမှာ ကျွန်မကိုယ်တိုင် မေးခွန်းအားလုံးဖြေဖို့အတွက် ရှိနေရတာ အရမ်းဝမ်းသာမိတယ်”

Ms. Marvel တီဗီစီးရီးကို Disney+ မှာ ဇွန်လ ၈ ရက်နေ့ ပြသမှာဖြစ်ပါတယ်။ အပိုင်း (၆) ပိုင်းပါဝင်ပြီး ဇူလိုင်လ ၁၃ ရက်နေ့ ပြီးမှာဖြစ်ပါတယ်။

Ref: Tribune “Fan turns superhero in ‘Ms. Marvel’ comic spin-off”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top