ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကနေ ဖယ်ပေးလိုက်ရတဲ့ အီလွန်မက်စ်

13-12-2022-yyl-32.jpg

အခုအပတ်မှာ တွစ်တာ၊ Tesla နဲ့ SpaceX ပိုင်ရှင် အီလွန်မက်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကနေ ဖယ်ပေးလိုက်ရပါပြီ။ အခု ပြင်သစ်နိုင်ငံက ဇိမ်ခံပစ္စည်းထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ LVMH ရဲ့ ဥက္ကဌနဲ့စီအီးအို ဘားနတ် အာနို့ထ်က အီလွန်မက်စ်ကို ကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။

အီလွန်မက်စ်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက Amazon တည်ထောင်သူ ဂျက်ဖ် ဘေးဇို့စ်ကို ကျော်တက်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တာပါ။ အီလွန်မက်စ်ရဲ့ကြွယ်ဝချမ်းသာမှုက Tesla စတော့ရဲ့တန်ဖိုးနဲ့ များစွာဆက်စပ်နေတာပါ။ ဇန်နဝါရီလကတတည်းက Tesla စတော့တန်ဖိုးတစ်ဝက်ကျော်လောက် ဆုံးရှုံးနေခဲ့တာပါ။ တွစ်တာကုမ္ပဏီကို ၄၄ ဘီလျံနဲ့ ဝယ်ယူပြီးနောက်မှာလည်း Tesla ရဲ့စတော့တန်ဖိုးတွေ လျော့သွားခဲ့ပါတယ်။

အခု ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားတဲ့ အသက် ၇၃ နှစ်အရွယ် ဘားနတ် အာနို့ထ်ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၁၉၀.၁ ဘီလျံဖြစ်ပြီး အီလွန်မက်စ်ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၁၈၁.၃ ဘီလျံဖြစ်ပါတယ်။ ဘားနတ်က Louis Vuitton နဲ့ Tiffany လို ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်တွေကို ထုတ်လုပ်ရောင်းချတဲ့ LUMHရဲ့ ၄၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။

Ref: CBSNews “Elon Musk is no longer the richest person on the planet”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top