မိုင်ပေါင်း ၂ သောင်း ကို ခွေးတစ်ကောင်ဖြင့် တောင်တက်နိုင်ခဲတဲ့ မျက်မမြင်

dog.jpg

Trevor Thomas လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ ကမ္ဘာ့တစ်ဦးတည်းသော မျက်မမြင် ပရော်ဖက်ရှင်နယ် ခရီးဝေး တောင်တက်သမားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Thomas ဟာ ရောဂါဝေဒနာ တစ်ခုကြောင့် မျက်မမြင်ဖြစ်ခဲ့ ပါတယ်။ မျက်မမြင် စတင်ဖြစ်သွားတဲ့အချိန် သူဟာ စိတ်ကျဝေဒနာ ခံစားခဲ့ရပြီး ဘဝမှာ မနေချင်တော့လောက်အောင် စိတ်ပင်ပန်းခဲ့ပါတယ်။

သူဟာ ငယ်စဉ်ကတည်းကနေ မျက်စိမကွယ်တဲ့အထိ Extreme sport ကို လိုက်စားသူ ဖြစ်ပါတယ်။ လေထီးခုန်ခြင်း၊ လှိင်းစီးခြင်း၊ တောင်တက်ခြင်း အပြင် အခြားသော အန္တရာယ်များ အားကစားများကို လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူ မျက်စိကွယ်သွားတဲ့ အချိန်မှာ ဒါတွေကို စွန့်လွတ်ရတော့မှာဆိုတာကို သိတော့ စိတ်ဓာတ်ကျခဲ့ပါတယ်။ နောက်တော့ သူဟာ ခရီးဝေးတောင်တက်ခြင်း အလေ့အထ တစ်ခုကို ပြန်လည်စတင်ဖို့အတွက် ဆုံးဖြတ်ခဲ့ ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မျက်မမြင်များအတွက် သေချာ လေ့ကျင့်ပေးထားသော ခွေးများစွာ ရှိပါတယ်။ မျက်မမြင်များအနေနဲ့ သူတို့နဲ့ သင့်လျော်တဲ့ ခွေးကို စိတ်ကြိုက်ရွေးချယ် မွေးခွင့် ရှိပါတယ်။ ယင်းထဲမှာ Thomas ဟာ တောင်တက်ဖို့အတွက် Guide dog တစ်ကောင်ကို ရှာတဲ့အခါ ပုံမှာတွေ့တဲ့ ခွေးမလေးကို ရရှိပါတယ်။ ယင်း ခွေးမလေးဟာ တောင်တက်ဖို့အတွက်တော့ လေ့ကျင့်ထားရခြင်း မရှိပါဘူး။ ပုံမှန် ခရီးသွားလာဖို့အတွက်ပဲ ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်စစတက်ခြင်း ကာလမှာ ၃ မိုင်လောက် သွားပြီးရင် ပင်ပန်းနေပြီ ဖြစ်ပါတယ်။

ယခုတော့ တစ်နေ့ကို မိုင် ၂၀ ကျော် သွားလာနိုင်တဲ့အထိ သန်မာနေပြီ ဖြစ်ပါတယ်။ အမေရိကန်မှာ တရားဝင် တောင်တက်ဖို့အတွက် ပြုလုပ်ထားတဲ့ Trail ပေါင်း မြောက်များစွာကို အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ Thomas ဟာဆိုရင် လက်ရှိမှာ အမေရိကန်မှာတင် မိုင်ပေါင် ၂သောင်းကျော် တောင်တက်ခဲ့ပြီးပြီ ဖြစ်ပြီး ဆက်လက်ပြီးတော့ ကမ္ဘာတစ်ဝန်း တောင်တက်ဖို့ ရှိပါသေးတယ်။ သူ့ရဲ့ Activity များကိုလည်း Facebook ပေါ်သို့ တင်ခြင်းဖြင့် လူသိများလာစေပါတယ်။ မျက်မမြင်များအသုံးပြုရန်ရည်ရွယ်တဲ့ အသံစေခိုင်းစနစ်ပါ နည်းပညာ ပစ္စည်းများဖြင့် သူဟာ Facebook သုံးခြင်း၊ ဖုန်းသုံးခြင်း တို့ပါ ပြုလုပ်ပြီး Thomas ကို ကမ္ဘာက သိစေခဲ့ ပါတယ်။ သူ့ရဲ့ ခွေးလေးသာ မပါရင် သူ ဒီလောက်ခရီးတွင်မှာ မဟုတ်ကြောင်း သူချစ်တဲ့ ခွေးလေးကိုလည်း အင်တာဗျူးတစ်ခုမှာ အမွမ်းတင်ထား ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top