အင်ကာမြို့ဟောင်းဖြစ်တဲ့ မာချူးပီချူးအနီးမှာ လောင်ကျွမ်းနေတဲ့ တောမီးကို ပီရူးမီးသတ်သမားတွေက ငြှိမ်းသတ်နိုင်ဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့မှာ တောင်သူတွေက တောင်ယာစိုက်ပျိုးဖို့ မြက်တွေကို မီးရှို့ရာကနေ တောမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဗာတီကန်မြို့ တစ်ဝက်စာ အကျယ်အဝန်းအထိ လောင်ကျွမ်းဝါးမျိုခဲ့ပြီးပါပြီ။
မာချူးပီချူးမြို့ဟောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က အင်ကာတွေ တည်ဆောက်ခဲ့တာဖြစ်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် နေရာ ဖြစ်ပါတယ်။
Ref: CNN ” Peru’s Machu Picchu threatened by wildfire”
Team (ရိုးရာလေး)