ဖိလစ်ပိုင်ကောလိပ်က ကျောင်းသား/သူတွေ စာခိုးချလို့မရအောင် ခေါင်းစွပ်တွေ စွပ်ခိုင်းခဲ့

25-10-2022-yyl-02.jpg

ဖိလစ်ပိုင်ကောလိပ် စာမေးပွဲမှာ ကျောင်းသား/သူတွေ စာခိုးချလို့မရအောင် ခေါင်းစွပ်တွေ စွပ်ခိုင်းထားတဲ့ ဓာတ်ပုံက လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဘေးချင်းကပ်လျက်မှာ ထိုင်သူရဲ့ အဖြေလွှာကို ခိုးကြည့်လို့မရအောင် ဘီကိုးလ်တက္ကသိုလ် အင်ဂျင်နီယာကောလိပ်က ကျောင်းသား/သူတွေကို အခုလို လုပ်ခိုင်းခဲ့တာပါ။ ကျောင်းသား/သူတွေက ကတ်ထူပုံးတွေ၊ ခေါင်းစည်းတွေ၊ ဆိုင်ကယ်စီးဦးထုပ်တွေ၊ တခြားပြန်သုံးလို့ရတဲ့ ပစ္စည်းတွေနဲ့ ခေါင်းစွပ်တွေ လုပ်ခဲ့ကြပါတယ်။

စက်မှုအင်ဂျင်နီယာပါမောက္ခ မာရီဂွိုင်းကတော့ ဒီနည်းလမ်းက ထိရောက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ယခင်နှစ်တွေတုန်းက ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ အသုံးပြုခဲ့ဖူးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ဘန်ကောက်မြို့ တက္ကသိုလ်တစ်ခုက စာမေးပွဲဖြေမယ့် ကျောင်းသား/သူတွေကို ဆင်နားရွက်ပုံစံ စက္ကူချပ်တွေ ဝတ်ဆင်စေပြီး ဘေးကလူဆီကနေ စာခိုးချလို့မရအောင် လုပ်ခဲ့ဖူးပါတယ်။

Ref:Philippines: Student ‘anti-cheating’ exam hats go viral

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top