သံရုံးရေအိမ်ထဲမှာ လျှို့ဝှက်ကင်မရာတပ်ဆင်မှုနဲ့ နယူးဇီလန်အရာရှိ ရုံးတင်စစ်ဆေးခံနေရ

57026357_2324921084205465_14461206425239552_n.jpg

ဝါရှင်တန်မြို့က နယူးဇီလန်သံရုံး ရေအိမ်ထဲမှာ လျှို့ဝှက်ဓာတ်ပုံရိုက်ခဲ့ဖွယ်ရှိလို့ နယူးဇီလန်နိုင်ငံရဲ့ စစ်ဘက်အရာရှိဟောင်းတစ်ဦးကို ရုံးတင်စစ်ဆေးနေပါတယ်။ အဲလ်ဖရက်ကီယာတင်ဟာ နယူးဇီလန်တော်ဝင်ရေတပ်က ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်က သံရုံးရဲ့ ကျား၊ မ နှစ် မျိုးသုံး ရေအိမ်အတွင်း ကင်မရာတွေ့ရှိချိန်မှာ သံရုံးရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။

ရေအိမ်ရဲ့ အခြောက်ခံစက်ထဲကနေ ကင်မရာထွက်ကျလာတာကို လူတစ်ယောက်က တွေ့သွားပါတယ်။ အစောပိုင်းမှာ မှတ်ဉာဏ်ကတ်ပြားလို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သေးငယ်တဲ့ ကင်မရာမှန်ဘီလူးကို သတိထားမိခဲ့ပြီး BrickHouse Security အမှတ်တံဆိပ်ပါ ကင်မရာဖြစ်နေတာ တွေ့ရှိခဲ့ပါတယ်။ ကင်မရာရဲ့ SD ကတ်ထဲမှာ တွေ့ရတဲ့ DNA နဲ့ ကီယာတင်ရဲ့ DNA ကလည်း တူညီနေပါတယ်။ ကီယာတင်ရဲ့ လက်ပ်တော့ထဲမှာလည်း BrickHouse Security ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်ထားတဲ့မှတ်တမ်း တွေ့ရှိခဲ့ပါတယ်။ အမေရိကန်မှာ အခင်းဖြစ်ပွားခဲ့ပေမဲ့ ကီယာတင်က နိုင်ငံခြားသားအရာရှိဖြစ်နေလို့ သူ့ကို ရုံးတင်စစ်ဆေးရေးတာဝန်က နယူးဇီလန်နိုင်ငံရဲ့ တာဝန်ဖြစ်နေပါတယ်။ ကင်မရာကို စစ်ဆေးရာမှာ ဖျက်ထားတဲ့ ရုပ်သံမှတ်တမ်း (၇၀၀) နဲ့ လက်ကျန်ရှိနေတဲ့ ရုပ်သံမှတ်တမ်း (၂၀) တွေ့ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top