ကိုရိုနာဗိုင်းရပ်စ်သစ်ဖြစ်ပွားမယ်ဆိုတာကို စာအုပ်တွေနဲ့ရုပ်ရှင်ကားတွေက ကြိုတင်နိမိတ်ပြခဲ့လေသလား

covid-19.jpg

ကမ္ဘာလုံးဆိုင်ရာအရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ကြေညာခြင်းခံထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ပျံ့နှံ့မှုဟာ တဖြည်းဖြည်းနဲ့ နိုင်ငံတော်တော်တော်မှာ များလာနေပါပြီ။ လူတော်တော်များများသေဆုံးပြီး ကူးစက်ခံနေရတာကြောင့် ကမ္ဘာတစ်ဝှမ်းက လူတွေဟာ စိုးရိမ်ပူပန်နေကြရပါတယ်။ အဲဒီလိုစိုးရိမ်ပူပန်မှုတွေနဲ့အတူ လူမှုကွန်ယက်ပေါ်မှာ စဉ်းစားရခက်စေတဲ့ conspiracy theory တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ “Simpson” စာအုပ်နဲ့ ရုပ်ရှင်ကား စာရေးဆရာတွေက ကိုရိုနာဗိုင်းရပ်စ်သစ်ဖြစ်ပွားမယ်ဆိုတာကို ကြိုတင်ခန့်မှန်းခဲ့ကြတာလားဆိုတာပါပဲ။ ကိုရိုနာဗိုင်းရပ်စ်သစ်အကြောင်း စာအုပ်တွေနဲ့ ဇာတ်ကားတွေမှာ ပါခဲ့လားဆိုတာကို လေ့လာကြည့်လိုက်ရအောင်..။

၁ ရှေးဖြစ်ဟော Simpsons

အန်နီးမေးရှင်းဟာသစီးရီးက ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်သစ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့တာလား။ လွန်ခဲ့တဲ့ ၁၆ နှစ်ကျော်က Bart to the Future အမည်နဲ့ အပိုင်းမှာ ဒေါနယ်ထရမ့်က အမေရိကန်သမ္မတဖြစ်လာမယ်လို့ ပြောထားတာကိုကြည့်မယ်ဆိုရင် ဒါကို ငြင်းလို့တော့ရမယ်မထင်ပါဘူး။ Simpson ရဲ့ 1993 အပိုင်းက ယူထားတဲ့ ပုံစုစည်းမှုကြီးဟာ လှုမှုကွန်ယက်အကောင့်မှာ နေရာယူလို့ထားပါတယ်။ Simpson ဇာတ်ကားထဲမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့စကားလုံးကို တွေ့ရပါလိမ့်မယ်။ ယုံချင်မှယုံကြပါလိမ့်မယ်။ ဟုတ်မဟုတ်ကို ပုံထဲမှာ ကြည့်ရှုကြပါနော်..။

၂ ဝူဟန်ဗိုင်းရပ်စ်အကြောင်း ပြောခဲ့တဲ့ ဝတ္ထုတစ်အုပ်

၁၉၈၁ ခုနှစ်ရဲ့ “The Eyes of the Darkness” အမည်ရတဲ့ သည်းထိပ်ရင်ဖိုဝတ္ထုမှာ စာရေးဆရာက Wuhan 400 လို့ခေါ်တဲ့ ဗိုင်းရပ်စ်အကြောင်း ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်က မြို့တစ်မြို့ (ဒါမှမဟုတ်) နိုင်ငံတွေကို ချေမှုန်းပစ်နိုင်စွမ်းရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းက လူတွေကြားမှာလည်း ဒီမတော်တဆမှုက ထိတ်လန့်စေခဲ့ကြောင်းလည်း ရေးသားထားပါတယ်။ လွန်ခဲ့တဲ့ နှစ် (၄၀) နီးပါးက ကိုရိုနာဗိုင်းရပ်စ်ကို ခန့်မှန်းခဲ့ပုံရတဲ့ အဲဒီစာအုပ်ထဲက ထုတ်နှုတ်ထားတဲ့စာတွေကို လူတွေက လျင်လျင်မြန်မြန်ပဲ မျှဝေခဲ့ကြပါတယ်။

၃ သေစေနိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကြိုတင်ခန့်မှန်းခဲ့တဲ့၂၀၁၁ခုနှစ်ရဲ့ ရုပ်ရှင်ကား Contagion

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ဇာတ်အိမ်တူတဲ့ ၂၀၁၁ခုနှစ်က ဇာတ်ကားတစ်ကားရှိပါတယ်။ Contagion ဆိုတဲ့ အဲဒီဇာတ်ကားက ဟောင်ကောင်ကနေစတင်ခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်ပွားမှုအကြောင်းဖြစ်ပါတယ်။ ဇာတ်ကားထဲက MEV-1 အမည်ရတဲ့ဗိုင်းရပ်စ်က လူ (၂၀) ရာခိုင်နှုန်းကို သေဆုံးစေခဲ့ပါတယ်။ ကမ္ဘာကျန်းမာရေးကြောက်မက်ဖွယ်ရာအကြောင်းရိုက်ကူးခဲ့တဲ့ ၂၀၁၁ခုနှစ်ရဲ့ဇာတ်ကားက လက်ရှိဖြစ်ပွားနေတဲ့အဖြစ်အပျက်နဲ့ အရမ်းတူနေတယ်လို့ လူမှုကွန်ယက်အကောင့်မှာပြောဆိုနေကြပါတယ်။

၄ End of Days အမည်ရတဲ့ စာအုပ်

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမယ်ဆိုတဲ့အကြောင်းကို ကြိုတင်နိမိတ်ပြခဲ့တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေ ယူဆနေတဲ့ နောက်ထပ်စာအုပ်တစ်အုပ်ရှိပါသေးတယ်။ စာရေးဆရာ Sylvia Browne ရေးသားခဲ့တဲ့ “End of Days” စာအုပ်ဖြစ်ပါတယ်။ စာအုပ်ထဲက စာသားပုံတွေနဲ့ စာအုပ်ထဲက ပုံတွေက လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့လို့နေပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးသားထားတာက “၂၀၂၀ ပြည့်နှစ်ဝန်းကျင်မှာ ဖျားနာခြင်းလို ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါက ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့မမှာဖြစ်ပါတယ်။ အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပြီး သိထားသမျှကုသနည်းတွေနဲ့ ခုခံရမှာဖြစ်တယ်” ဆိုတဲ့စာသားပါပဲ။

လူမှုကွန်ယက်အသုံးပြုသူတွေ ယူဆထားသလိုပဲ ဟိုအရင်ကတည်းက စာအုပ်တွေနဲ့ ရုပ်ရှင်ကားတွေက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမယ်ဆိုတာကို ကြိုတင်နိမိတ်ပြခဲ့တာလားလို့ စဉ်းစားစရာပါပဲ။

Ref: These books and movies PREDICTED the outbreak of deadly coronavirus years ago! Here’s the complete list

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top