အသက် ၆၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြင်သစ်ပင့်ကူလူသားက ၄၈ ထပ်တိုက်ကို လက်ဗလာဖြင့် တွယ်တက်ပြ

9-19-2022-yyl-20.jpg

ပြင်သစ်နိုင်ငံရဲ့ ပင့်ကူလူသားလို့ တင်စားခံရသူဟာ အသက် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့မှ ၄၈ ထပ်တိုက်ကို ဘေးကင်းလုံခြုံရေးကိရိယာမပါဘဲ လက်ဗလာနဲ့ တွယ်တက်ပြခဲ့ပါတယ်။ အလိန်းရောဘတ်ဟာ ပဲရစ်မြို့ စီးပွားရေးခရိုင်မှာရှိတဲ့ Tour TotalEnergies တာဝါကို ဆိုင်းကြိုးမပါဘဲ တက်ခဲ့တာပါ။

” အသက် ၆၀ ဆိုတာ ဘာမှ မဟုတ်ဘူး၊ အားကစားလုပ်လို့ ရသေးတယ်၊ တက်တက်ကြွကြွနဲ့ ထူးခြားအံ့ဘွယ်ကိစ္စတွေ လုပ်ပြနိုင်သေးတယ်ဆိုတဲ့ မက်ဆေ့ ပေးချင်တာပါ” လို့ အလိန်းရောဘတ်က ဆိုပါတယ်။

အလိန်းရောဘတ်ဟာ အရင်ကလည်း Tour TotalEnergies တာဝါကို ကြိမ်ဖန်များစွာ တက်ခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ တာဝါထိပ်ကိုရောက်ဖို့ မိနစ် ၆၀ ပဲ ကြာခဲ့ပါတယ်။ ဒါပေမဲ့ တာဝါထိပ်ရောက်ချိန်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အလိန်းရောဘတ်ဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ ဒူဘိုင်းမြို့မှ ဘာ့ဂျ်ခါလီဖာတာဝါအပါအဝင် ကမ္ဘာတစ်ဝန်းက မြင့်မားတဲ့ အဆောက်အအုံတွေထိပ်ကို တက်ပြခဲ့ဖူးလို့ နာမည်ကျော်ကြားသူပါ။

Ref: French ‘Spider-Man’ scales skyscraper aged 60

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top