တစ်ရက်တည်း သစ်ပင် ၂၃,၀၀၀ ကျော် စိုက်ပြီး ဂင်းနက်စ်စံချိန်တင်

8-11-2022yyl02.jpg

၂၃ နှစ်အရွယ် ကနေဒါနိုင်ငံသား အန်တိုနီမော့ဆက်ဟာ ၂၄ နာရီအတွင်း သစ်ပင် ၂၃၀၆၀ စိုက်ပျိုးပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ကူဘတ်ပြည်နယ်သား မော့ဆက်ဟာ ၃.၅ စက္ကန့်မှာ သစ်ပင်တစ်ပင်နှုန်း၊ တစ်မိနစ်ကို သစ်ပင် ၁၆ ပင်နှုန်း စိုက်ပျိုးခဲ့တာပါ။ မာရသွန်ပြိုင်ပွဲ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်း အပြေးသမား မော့ဆက်က သစ်ပင်စိုက်တာကို အားကစားနည်းတစ်ရပ်လို သဘောထားတယ်လို့ ဆိုပါတယ်။

မော့ဆက်ဟာ ကနေဒါနိုင်ငံတစ်ဝန်းမှာ သစ်ပင်ပေါင်း ၁ သန်းကျော် စိုက်ပျိုးနိုင်ခဲ့သူပါ။ အခုလို စံချိန်တင်နိုင်ခဲ့တာဟာ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းအတွက် ရည်စူးတယ်လို့ မော့ဆက်က ပြောပါတယ်။ ” ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းမလေးကို ရည်စူးပြီး အခုလို စံချိန်တင်နိုင်အောင် ကြိုးစားခဲ့တာပါ” လို့ မော့ဆက်က ဆိုပါတယ်။

Ref: Canadian Breaks Guinness World Record, Plants More Than 23K Trees In 24 Hours

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply