ကမ္ဘာတစ်ဝန်းမှာ အခမဲ့ အိမ်သန့်ရှင်းရေးလိုက်လုပ်ပေးနေသူ

8-11-2022yyl05.jpg

ဖင်လန်နိုင်ငံသူ အူရီကက်ထရီနာဟာ သန့်ရှင်းရေးလုပ်ရတာ ဝါသနာပါလွန်းလို့ ကုမ္ပဏီကနေ အလုပ်ထွက်ပြီး ကမ္ဘာတစ်ဝန်းက အကူအညီ လိုအပ်နေတဲ့ အမျိုးသမီးတွေအတွက် အခမဲ့ အိမ်သန့်ရှင်းရေးလုပ်ပေးနေသူပါ။ ကက်ထရီနာဟာ ၂၀၂၁ ခုနှစ် နွေရာသီအထိ သန့်ရှင်းရေးကုမ္ပဏီမှာ ဝန်ဆောင်မှုမန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့သူပါ။ အဲဒီနောက်မှာတော့ ကမ္ဘာတစ်ဝန်းမှာ အခမဲ့ အိမ်သန့်ရှင်းရေးလုပ်ပေးချင်တဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အလုပ်ထွက်ခဲ့ပါတယ်။

” သန့်ရှင်းရေးလုပ်ရတာ ပျော်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ကျွန်မမိသားစုအိမ်နဲ့ သူငယ်ချင်းတွေအိမ်ကို သန့်ရှင်းရေးလုပ်ပေးတဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ် တင်ပေးခဲ့တယ်။ တစ်ရက်တော့ အမျိုးသမီးတစ်ယောက်က လှမ်းအကူအညီတောင်းတယ်။ သူက ကလေး ၃ ယောက်နဲ့လေ။ သူ့ယောကျာ်းကလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားလို့ တော်တော်ဒုက္ခရောက်နေတာ။ သူ့အိမ်က အရမ်းရှုပ်ပွနေလို့ အကူအညီတောင်းတာပါ။

ကျွန်မ သူ့အိမ်ကို ၂ ရက်လောက် သန့်ရှင်းရေးလုပ်ပေးလိုက်တော့ သူ မျက်ရည်တောင် ကျတယ်။ ကလေးတွေကလည်း ကျွန်မကို ကျေးဇူးတွေတင်ပြီး လာဖက်ကြတယ်လေ။ သန့်ရှင်းသပ်ရပ်သွားတဲ့ အိမ်လေးကို မြင်ရတာ၊ သူတို့ပျော်နေတာကို မြင်ရတာ တကယ့်ကို ဝမ်းသာပီတိဖြစ်ရတယ်” လို့ ကက်ထရီနာက ဆိုပါတယ်။

၂၉ နှစ်အရွယ် အမျိုးသမီး ကက်ထရီနာဟာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေအထိ အိမ်သန့်ရှင်းရေး သွားလုပ်ပေးခဲ့သူပါ။ အိမ်သန့်ရှင်းရေးလုပ်နေရရင် သူ့အတွက် နိဗ္ဗာန်ရောက်နေသလိုပါပဲလို့ ဆိုပါတယ်။ သူ့ရဲ့ TikTok အကောင့်မှာ အားပေးသူ ၇.၈ သန်းရှိပြီး အင်စတာဂရမ်မှာ သူ့ဗီဒီယိုတွေကို ကြည့်ရှုသူ ၂.၁ သန်းရှိပါတယ်။ သူ့ရဲ့ကုန်ကျစရိတ်ကို စိုက်ခံပေးနေတဲ့ စပွန်ဆာတွေလည်း ရှိနေပါပြီ။

Ref:She Just Loves Cleaning and Now Helps Women in Need By Scrubbing Homes for Free While Traveling the World

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top