တစ်ပတ်ကို နာရီ ၄၀ အလုပ်လုပ်နေရတဲ့ အသက် ၈၂ နှစ်အရွယ် အဘိုးအိုဟာ TikToker တစ်ယောက်ရဲ့ ကူညီမှုကြောင့် အလှူငွေ ဒေါ်လာ ၁ သိန်းကျော် ရရှိခဲ့ပြီး အငြိမ်းစားယူခွင့် ရရှိသွားပါပြီ။
မေရီလန်းပြည်နယ် ကမ်ဘာလန်းမြို့မှာ နေထိုင်တဲ့ အဘိုးအို ဝါရင်းမာရီယွန်က Walmart စတိုးမှာ တစ်နေ့ ၈ နာရီ မတ်တတ်ရပ်ပြီး အလုပ်လုပ်နေရတာကို TikToker မက္ကာတီက မြင်တွေ့ခဲ့တာပါ။ ဒီအကြောင်းကို TikTok ပေါ်တင်ပြီး GoFundMe ပေ့ချ်ကနေ အလှူငွေ ကောက်ခံရာမှာ အွန်လိုင်းပေါ်က စေတနာရှင် ၅၀၀၀ ကျော်ထံမှ အလှူငွေ ဒေါ်လာ ၁၀၈၆၈၂ ရရှိခဲ့တာ ဖြစ်ပါတယ်။
Ref: 82-Year-Old Walmart Cashier Retires After TikToker Raises Over $100,000
NZ (ရိုးရာလေး)