ဖခင်ဖြစ်သူမင်းသားကင်ဂျေဝန်နဲ့ ချွတ်စွတ်တူတဲ့အတွက် ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိနေတဲ့ ကင်ရီဂျွန်

11-1-2023-yyl-72.jpg

တစ်ချိန်တစ်ခါက မြန်မာပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ချွဲခွာနူးအဖြစ် ရေပန်းစားခဲ့တဲ့ ကိုရီးယားမင်းသားချော ကင်ဂျေဝန်ဟာ ဇာတ်လမ်းတွဲတွေမှာ မမြင်ရတာကြာလှပါပြီ။ သူ နောက်ဆုံးပါဝင်ရိုက်ကူးခဲ့တာဟာ ၂၀၁၈ ခုနှစ်ကပါ။ ဒါပေမဲ့ သူ့ကို သူနဲ့ချွတ်စွတ်တူတဲ့ သားချောလေးကင်ရီဂျွန်နဲ့အတူ လူမှုကွန်ယက်ပေါ်မှာ ​​ပြန်မြင်တွေ့နေရပါတယ်။

ကင်ဂျေဝန်ဟာ ၂၀၂၀ ခုနှစ်က KBS2 ရုပ်သံလိုင်းရဲ့ “Stars’ Top Recipe at Fun-Staurant” ရှိုးမှာ သူ့သားလေးနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရီဂျွန်ဟာ သူ့အဖေနဲ့ချွတ်စွတ်တူတဲ့ရုပ်ရည်နဲ့ ပရိသတ်တွေကို ဆွဲဆောင်ခဲ့ပါတယ်။ အဲဒီကတည်းက ပရိသတ်တွေဟာ ရီဂျွန်ရဲ့ပုံတွေကို မြင်ချင်၊ ရီဂျွန်အကြောင်း သိချင်လာကြပါတယ်။ အခုအချိန်ထိလည်း ရီဂျွန်က ပရိသတ်​တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိနေပါတယ်။

သူတို့သားအဖနှစ်ယောက်ပုံတွေ၊ တစ်ယောက်ချင်းစီပုံတွေကိုမင်းသားကင်ဂျေဝန်တည်ထောင်ထားတဲ့ အေဂျင်စီရဲ့ flabison_ent အင်စတာဂရမ်အကောင့်မှာ တင်ပေးလေ့ရှိပါတယ်။ နှစ်ယောက်တွဲပုံတွေ တင်တာများပေမဲ့ ​ပြီးခဲ့တဲ့နှစ်ကကင်ဂျေဝန်ဟာ သူ့သားတစ်ယောက်တည်းပုံကို “လူတော်တော်များများက ရီဂျွန်အကြောင်းသိချင်နေကြတာမို့ သူ့ရဲ့ပုံကို တင်ပေးလိုက်ပါတယ်” ဆိုတဲ့စာသားနဲ့ စတင်ပေးခဲ့ပါသေးတယ်။ လတ်တလောမှာတော့ သူတို့သားအဖရဲ့ပုံတွေတင်တာမတွေ့ရ​သေးပါဘူး။ ပရိသတ်တွေကလည်း သူတို့ရဲ့ပုံအသစ်တွေမြင်ရဖို့ စောင့်မျှော်နေကြပါတယ်။

မင်းသားကင်ဂျေဝန်ဟာ အနုပညာနယ်ပယ်ကမဟုတ်တဲ့ ငယ်သူငယ်ချင်းဖြစ်သူနဲ့ ၂၀၁၃ ခုနှစ် ဇွန်လမှာ လက်ထပ်ခဲ့ပြီး သူတို့ရဲ့သားချောလေး ကင်ရီဂျွန်ကို ဒီဇင်ဘာလမှာ မွေးဖွားခဲ့တာပါ။

Ref: Kim Jae Won’s son Kim YiJun

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top