ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မီချဲယို

11-1-2023-yyl-88.jpg

” အချိန်တွေ ကုန်လွယ်လိုက်ပုံများ မနှစ်ကပဲ ကျွန်မ အသက် ၆၀ ပြည့်သွားတယ်။ ရက်၊ နှစ်၊ ကိန်းဂဏန်းတွေ ပိုများလာလေလေ၊ အခွင့်အရေး ပိုနည်းလာလေလေပဲဆိုတာ ကျွန်မတို့ အမျိုးသမီးတွေအားလုံး သိကြမှာပါ။ အဲဒီနောက်မှာတော့ Everything, Everywhere All at Once ဆိုတဲ့ အကောင်းဆုံးလက်ဆောင် ရောက်လာခဲ့တာပါပဲ”

ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ရခဲ့ပြီးနောက် မလေးရှားမင်းသမီး မီချဲယိုက အခုလို ပြောခဲ့တာပါ။ ဟောင်ကောင်ရုပ်ရှင်တွေ ရိုက်တာများလို့ သူ့ကို ဟောင်ကောင်မင်းသမီးလို့လည်း လူသိများပါတယ်။ မီချဲယိုဟာ ဟာသ(သို့) ဂီတဆိုင်ရာ ဇာတ်ကားမှာ အကောင်းဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီဆု ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် အာရှသရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။

မီချဲယိုဟာ The Lady ဇာတ်ကားကြောင့် မြန်မာပရိသတ်တွေကြားမှာလည်း လူသိများတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Ref: Michelle Yeoh wins Golden Globe for ‘Everything Everywhere All at Once’

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top