မျက်စိတိမ်ဖုံးနေပြီး ခွဲစိတ်စရိတ် မတတ်နိုင်လို့ အမြင်အာရုံ ဆုံးရှုံးနေသူ၊ ဆုံးရှုံးလုဆဲဆဲ ဖြစ်နေသူ ၁၀၀၀ ကို အမြင်အာရုံ ပြန်ကောင်းအောင် YouTube စူပါစတား မစ္စတာဘိစ်က ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ မခွဲစိတ်ရခင်နဲ့ ခွဲစိတ်ပြီးနောက် လူနာတွေရဲ့ စိတ်ခံစားချက် ပုံရိပ်တွေကို ရိုက်ကူးဖော်ပြခဲ့ရာ တစ်ရက်မပြည့်ခင်မှာပဲ ကြည့်ရှုမှုအကြိမ်ရေ ၃၂ သန်းကျော် ရှိခဲ့ပါတယ်။
မစ္စတာဘိစ် ( အမည်ရင်း ဂျင်မီဒေါ်နယ်ဆန်)ဟာ လူနာတွေအတွက် ခွဲစိတ်ကုသမှုစရိတ် လှူဒါန်းပေးခဲ့တဲ့အပြင် ငွေသားနဲ့ တခြားလက်ဆောင်တွေလည်း ပေးခဲ့ပါသေးတယ်။
တိမ်ဖုံးနေသူတွေကို အခမဲ့ခွဲစိတ်ပေးတဲ့ စက္ခုအလင်းလက်ဆောင် စီမံကိန်းမှာ နှစ် ၂၀ ကြာ ပူးပေါင်းပါဝင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန် ဂျက်ဖ်လီဗင်ဆန်က ခွဲစိတ်မှုတွေ လုပ်ပေးခဲ့တာပါ။ ပထမဆုံးနေ့မှာ လူနာ ၄၀ ကို ခွဲစိတ်ပေးခဲ့ပြီး သီတင်းပတ် ၃ ပတ်အတွင်း လူနာ ၁၀၀၀ ကို ခွဲစိတ်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။
Youtube ပလက်ဖောင်းမှာ အားပေးသူ သန်း ၁၅၀ ကျော် ရရှိထားတဲ့ မစ္စတာဘိစ်ဟာ YouTube မှာ အားပေးသူ သန်း ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် သစ်ပင် သန်း ၂၀ စိုက်ပျိုးခဲ့သူပါ။
Ref: YouTube star MrBeast helps 1,000 blind people see again by sponsoring cataract surgeries
NZ (ရိုးရာလေး)