စေတနာ ရောင်ပြန်ဟပ်ပြီး ထီဆုကြီးပေါက်ခဲ့သူ

7.2.23-yyi-image-5.jpg

ဂျူးလီးယက်လာမာက သူ့ဘဝမှာ ပထမဆုံးထိုးတဲ့ထီကနေ ကနေဒါဒေါ်လာ ၄၈ သန်းတန်(ပေါင်သန်း ၃၀) ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ အယ်လ်ဂိုမာတက္ကသိုလ်ကျောင်းသူ လာမာဟာ သူ့အဘိုး အကြံပေးလို့ စတိုးဆိုင်ကနေ ထီထိုးခဲ့တာပါ။

” ၁၈ နှစ်ပြည့်ပြီဆိုတော့ ထီထိုးပြီး ကံစမ်းကြည့်ပါလားလို့ အဘိုးက ပြောတာ။ အဲဒါနဲ့ ထီထိုးလိုက်တာ” လို့ လာမာက ဆိုပါတယ်။ ဒါပေမဲ့ သူက ထီထိုးထားတာကို မေ့နေခဲ့ပြီး ထီဆုကြီး ပေါက်သွားသူက သူတို့မြို့မှာ နေထိုင်သူဆိုတဲ့ သတင်းကြားတော့မှ ထီတိုက်ကြည့်ခဲ့တာပါ။ လာမာဟာ ထီဆုကြီးပေါက်တဲ့ အသက်အငယ်ဆုံး ကနေဒါနိုင်ငံသူ ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၃ နှစ်( ၅ နှစ်သမီး အရွယ်)တုန်းက သူ့စုဘူးလေးခွဲပြီး ဟေတီငလျင်ဒဏ် ခံစားနေရသူတွေကို လာမာက ကူညီပေးခဲ့ဖူးပါတယ်။ စုဘူးခွဲလိုက်တာ ကနေဒါဒေါ်လာ ၆၁.၃၈ ရခဲ့ပြီး အဲဒီငွေအားလုံးကို ကနေဒါကြက်ခြေနီအဖွဲ့ထံ လှူဒါန်းခဲ့တာပါ။ သူတို့ ညီအစ်မနှစ်ယောက် စုဘူးခွဲပြီး လှူဒါန်းတဲ့သတင်းကလည်း နိုင်ငံတကာစာမျက်နှာတွေမှာ ဖော်ပြခံခဲ့ရဖူးပါတယ်။ အခုတော့ လာမာက နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားပါပြီ။

သူ့ရဲ့ ရည်မှန်းချက်အတိုင်း ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေတဲ့ လာမာဟာ ထီဆုကြေးငွေနဲ့ ကောင်းတဲ့အရာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

Ref: At 5 Years Old, She Donated Her Piggy Bank To Help Others. At 18, She Wins $48M Jackpot

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top