မင်္ဂလာပွဲ ဖျက်သိမ်းခဲ့တဲ့ သတို့သမီးလောင်းက မင်္ဂလာပွဲ အကျွေးအမွေး အားလုံးကို ပရဟိတအဖွဲ့အစည်းထံ လှူဒါန်း

31.1.24-yyl-1.jpg

သတို့သားလောင်းရဲ့ဖုံးကွယ်ထားတဲ့ကိစ္စတွေ သိသွားပြီး မင်္ဂလာပွဲဖျက်ဖို့ ဆုံးဖြတ်လိုက်တဲ့ သတို့သမီးလောင်းဟာ အမေရိကန်ဒေါ်လာ ၁၅၀၀၀ တန်ကြေးရှိတဲ့ မင်္ဂလာပွဲ အကျွေးအမွေး အပြင်အဆင်အားလုံးကို ပရဟိတအဖွဲ့အစည်းထံ လှူဒါန်းခဲ့ပါတယ်။

အထူးဂရုစိုက်ဖို့ လိုအပ်သော ကလေးငယ်တွေကို ကူညီပေးနေတဲ့ မိဘချင်း ဖေးမကူ (Parents Helping Parents) ပရဟိတအဖွဲ့အစည်းအတွက် သတို့သမီးက အစားအစာတွေ၊ အချိုပွဲတွေ၊ ဖျော်ရည်တွေအပြင် ဖျော်ဖြေရေးအစီအစဉ်တွေပါ လွှဲပြောင်းလှူဒါန်းခဲ့တာပါ။

” သတို့သမီးလေးက သူ့အတွက် ဝမ်းနည်းစရာအခြေအနေ ကြုံရချိန်မှာတောင် အခုလို ရက်ရော၊ ကြင်နာမှု ပြသခဲ့တဲ့အပေါ် လေးစားမိပါတယ်”လို့ Parents Helping Parents ပရဟိတအဖွဲ့ အမှုဆောင်ဒါရိုက်တာ မာရီယာဒိန်းက ဆိုပါတယ်။

Ref: Bride Donates $15,000 Reception to Special Needs Families After Calling off Her Wedding

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top