ပရဟိတဖျော်ဖြေပွဲမှာ ဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး ပြင်သစ်သမ္မတ၊ သမ္မတကတော်တွေနဲ့ပါ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ BLACKPINK

30-1-2023yyl-6.jpg

မိန်းမချော (၄) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ကိုရီးယားအဆိုအဖွဲ့ BLACKPINK ဟာ ကမ္ဘာတစ်ဝှမ်းမှာ သူတို့ ဘယ်လောက်အောင်မြင်နေလဲဆိုတာ ထပ်ပြီး သက်သေပြလိုက်ပြန်ပါတယ်။

ပြင်သစ်သမ္မတကတော် ဘရီဂစ်တီ မက်ခရွန် ဦးစီးကျင်းပခဲ့တဲ့ ပရဟိတဖျော်ဖြေပွဲ Le Gala des Pièces Jaunes ကို the France 2 channel က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီပွဲကို ကျင်းပခဲ့တာကတော့ ဇန်နဝါရီ ၂၅ ရက်နေ့ကပါ။

အဲဒီပရဟိတဖျော်ဖြေပွဲမှာ BLACKPINK အဖွဲ့က ကမ္ဘာကျော်ဆယ်လိုတီးခတ်သူ ဂေါတီယာ ကာပူကွန်နဲ့အတူ “Pink Venom” ကို ဖျော်ဖြေတင်ဆက်ခဲ့သလို ဆုရတယောပညာရှင် ဒန်နီရယ် လိုဇာကိုဗစ်ချ်နဲ့အတူ “Shut Down” သီချင်းကိုလည်း ဖျော်ဖြေခဲ့ပါတယ်။ ပြင်သစ်သမ္မတကတော်ကလည်း ဒီပွဲအကြောင်းနဲ့ BLACKPINK အဖွဲ့ကို အရမ်းကြိုဆိုကြောင်းလည်း ပြောခဲ့ပါတယ်။ “ဒီပွဲအတွက် လက်မှတ်ရောင်းရတဲ့အမြတ်ငွေနဲ့ ဒီဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေအားလုံးကို French Hospital Foundation ကို လှူဒါန်းသွားမှာပါ။ ဒီလိုအဓိပ္ပာယ်ရှိတဲ့ပွဲမျိုးမှာ ကျွန်မတို့နဲ့အတူ ပါဝင်ဆင်နွှဲပေးတဲ့အတွက် ကမ္ဘာ့တစ်ဝှမ်းမှာ လွှမ်းမိုးမှုအားကောင်းတဲ့ BLACKPINK ကို အရမ်းကြိုဆိုပါတယ်”

ဒီပွဲအမှတ်တရအနေနဲ့ BLACKPINK က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ပြင်သစ်သမ္မတကတော် ဘရီဂစ်တီ မက်ခရွန်တို့နဲ့လည်း ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်။ ဆွစ်ဇာလန်ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမားဟောင်း ရော်ဂျာ ဖက်ဒရာကလည်း အဲဒီပွဲမှာ BLACKPINK နဲ့ရိုက်ထားတဲ့ ပုံတစ်ပုံကို သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့က BLACKPINK အဖွဲ့ဝင် လီဆာကလည်း ပါရီမှာ ကမ္ဘာကျော်ဘရာဇီးလ်ဘောလုံးသမား နေမာနဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုလည်း မျှဝေခဲ့ပါသေးတယ်။

Ref: BLACKPINK Poses With French President Emmanuel Macron, First Lady Brigitte Macron, And Tennis Champion Roger Federer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top