ထု-ဓမ္မရံ

yyl-001.gif

ပုဂံသို့တစ်ခေါက်ရောက်ခဲ့ပြန်ပါသည်။ ကျွန်တော်နှင့်သူငယ်ချင်းများလည်း ပုဂံ၏ မြင့်မားသော ယဉ်ကျေးမှုကြီးမားလှသော သမိုင်းတန်ဖိုးများအား လေ့လာ မှတ်သာဖြစ်သည်။

ကျွန်တော်ရေးသားပြုစုနေသော ပုဂံသမိုင်း စာအုပ်အတွက်လည်း သက်သေ အထောက်အထားများ ရှာဖွေလေ့လာရပြန်သည်။ထိုသို့လေ့လာရင်း ဓမ္မရံကြီး ဘုရားသို့ ရောက်ခဲ့ပြန်သည်။ နရသူ မင်းက တည်ထားသော ထုအကြီးဆုံး စေတီတစ်ဆူဖြစ် လေသည်။ အလောင်းစည်သူမင်းကြီးအား လုပ်ကြံခဲ့သူ၏ ကုသိုလ်ဖြစ်သော စေတီတော်ဖြစ်သဖြင့်လည်း ဘုရားကိုဖူးမျှော်ရင်း အတွေးတစ်ခုတွေးမိပြန်သည်။ ကျွန်တော်တို့လူသားတို့တွင် မေတ္တာတရားသည် အလွန်အရေးကြီးလေသည်။မိမိနေရာ ရရှိရန်အတွက်၊ မိမိအကျိုးစီးပွားအတွက် ဖခင်အရင်းကိုပင် လုပ်ကြံခဲ့သည်ဆိုသော စိတ်သဘောကိုလည်း အတွေးဖြင့် တွေးကြည့်ရပြန်သည်။

‘ ထု-ဓမ္မရံ၊ ညာဏ်-သဗ္ဗေညု၊ အနု- အာနန္ဒာ’ ဟုဆိုသည့်အတိုင်း ဓမ္မရံကြီးသည် ထုအရာတွင် လွန်စွာကောင်းလွန်းလှပေသည်။ ရာဇဝင်ဆရာတို့ ပြောသော ထိုးဇာတ်အချို့တွင် ကုသိုလ်ရှင်မင်းကြီးအနေဖြင့် ဘုရားကို စစ်ဆေးသည့်အခါ အပ်ဖျားဖြင့်ထိုးကြည့်ပြီး လေပေါက်ကလေးများရှိပါက တာဝန်ခံ ပန်းရံဆရာအား နေရာတွင်ပင် ကွပ်မျက်တော်မူသည် ဟုလည်းဆိုလေသည်။ မည်သို့ပင်ဆိုစေတော့ ထုအရာတွင် အလွန်ကောင်းလှပေသည်။ ထိုဘုရားအတွင်း လေဝင်လေထွက်စနစ်တို့လည်း လွန်စွာကောင်းလှပြီး အလင်းအမှောင် ကိုလည်း ချိန်ညှိ တည်ဆောက်ထားခဲ့သဖြင့် ဗိသုကာပညာ မညံ့ခဲ့ကြောင်း သက်သေတစ်ခုလည်းဖြစ်သည်။ယနေ့ခေတ်အတွက် တန်ဖိုးကြီးလှသော သမိုင်းအမွေတစ်ခုပင်ဖြစ်သည်။

ယနေ့ ဘုရားအပြင်ဘက်တွင် ချိတ်ဆွဲပြီး မြန်မာ့ရိုးရာ ရုပ်သေးရုပ်လေးများကို ရောင်းချနေသည်။ ချိတ်ဆွဲထားသော ရုပ်သေးရုပ်လေးများ လေတွင်လှုပ်ခပ်နေသည်မှာ အသက်ပါလှပေသည်။ကျွန်တော်တို့လည်း လေ့လာစရာရှိသည်များကိုလေ့လာရင်း အာနန္ဒာဘုရားရှိ အသစ်တွေ့ရှိသော နံရံဆေးရေးပန်းချီများဘက်သို့ ထွက်ခွာလာတော့သည် ။ ဓမ္မံရံကြီး၏ ကြည်ညိုဖွယ်အလှတရားများနှင့် ထူးခြားသော ပုဂံခေတ်နည်းပညာတို့ကို ဓမ္မရံကြီးတွင်လေ့လာနိုင်ပေသည်။ပုဂံကအပြန်တွင် ကျွန်တော့်ရင်တွင် တစ်ခုခုခံစားနေရသည်။အတွေးအမြင်များလည်း တစ်ခုပြီးတစ်ခုပေါ်လာတော့သည်။ စာတွေရေးဖြစ်ပါအုံးမည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top