လူနေမှုစရိတ်အကြီးမြင့်ဆုံး ကမ္ဘာ့မြို့ကြီးများ

hong-kong-city-ocean-wide-wallpapers-66410-3600461.jpg

Economist Intelligence Unit က ၂၀၁၉ ခုနှစ်အတွက် လေ့လာဆန်းစစ်ထားတဲ့ ကမ္ဘာ့ နေထိုင်စားသောက်စရိတ်ဈေးအကြီးဆုံးမြို့တွေရဲ့စာရင်းကတော့ ထွက်ပေါ်လာပါပြီ။ စာရင်းရဲ့ နံပါတ် (၁) နေရာမှာ ပဲရစ် (Paris)၊ စင်ကာပူ (Singapore) နဲ့ ဟောင်ကောင် (Hong Kong) သုံးမြို့က ပူးတွဲရပ်တည်နေတာကိုတွေ့ရပါတယ်။

ကမ္ဘာတစ်လွှားက မြို့ကြီး (၁၃၃) မြို့မှာရှိတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှု (၁၅၀) ရဲ့ ကုန်ကျစရိတ်တွေအပေါ် အကဲဖြတ်သုံးသပ်ထားတဲ့ ဒီဆန်းစစ်လေ့လာချက်မှာ အာရှနဲ့ ဥရောပက မြို့ကြီးတွေကသာ နေရာယူထားကြတာကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီမြို့ကြီးတွေကတော့

စင်္ကာပူ

၁။ စင်္ကာပူ (စင်္ကာပူ)
၂၀၁၈ ခုနှစ်ကလည်း လူနေမှုစရိတ်အကြီးဆုံး ထိပ်ဆုံး (၁၀) မြို့စာရင်းမှာပါခဲ့သေးပြီး ၂၀၁၉ မှာလည်း ဒီအဆင့်သတ်မှတ်ချက်ကို ဆက်ထိန်းထားနိုင်ဆဲပါ။

ပဲရစ်

၁။ ပဲရစ် (ပြင်သစ်)
လူနေမှုစရိတ်အကြီးဆုံး ထိပ်ဆုံး (၁၀) မြို့စာရင်းမှာ ၂၀၀၃ ခုနှစ်ကတည်းက စပါဝင်နေခဲ့တာဖြစ်ပြီး လက်ရှိအထိပါနေဆဲ မြို့ဖြစ်ပါတယ်။

ဟောင်ကောင်

၁။ ဟောင်ကောင်
ဟောင်ကောင်ကတော့ ပြီးခဲ့တဲ့နှစ်ကထက် သုံးဆင့်တက်လာခဲ့ပြီး အဆင့် (၁) နေရာကို စင်္ကာပူနဲ့ ပဲရစ်တို့နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။

ဇူးရစ်ချ်

၄။ ဇူးရစ်ချ် (ဆွစ်ဇာလန်)
လူနေမှုစရိတ်အကြီးဆုံးကမ္ဘာ့မြို့ကြီးတွေစာရင်းမှာပါဝင်လာတဲ့ ဆွစ်ဇာလန်ရဲ့ မြို့ကြီးနှစ်မြို့ထဲက တစ်မြို့ဖြစ်ပါတယ်။

ဂျီနီဗာ

၅။ ဂျီနီဗာ (ဆွစ်ဇာလန်)
ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအတွက် ကုန်ကျစရိတ်ကြီးမြင့်မှုမှာ ဇူးရစ်ချ်မြို့နဲ့ မတိမ်းမယိမ်းရှိနေပြီး အဆင့် (၅) ချိတ်ထားပါတယ်။

အိုဆာကာ

၅။ အိုဆာကာ (ဂျပန်)
ဂျပန်နိုင်ငံရဲ့ ဒီဆိပ်ကမ်းမြို့တော်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ခြောက်ဆင့်ခုန်တက်လာခဲ့ပြီး အဆင့် (၅) နေရာကို ဂျီနီဗာမြို့နဲ့ ပူးတွဲရရှိခဲ့ပါတယ်။

ဆိုးလ်

၇။ ဆိုးလ် (ကိုရီးယား)
ဆိုးလ်ကလည်း လူနေမှုစရိတ်အကြီးဆုံးအာရှမြို့ကြီးလေးမြို့ထဲမှာ တစ်မြို့အနေနဲ့ ပါဝင်လာခဲ့ပါတယ်။

ကိုပင်ဟေဂင်

၇။ ကိုပင်ဟေဂင် (ဒိန်းမတ်)
သယ်ယူပို့ဆောင်ရေးစရိတ်၊ အပန်းဖြေနေရာတွေရဲ့ဈေးနှုန်းစတာတွေရဲ့ များပြားလှတဲ့နှုန်းထားတွေကြောင့် အဆင့် (၇) မှာ ရပ်တည်နေတာပါ။

နယူးရော့ခ်

၇။ နယူးရော့ခ် (အမေရိကန်)
မြောက်အမေရိကရဲ့ စရိတ်စကအကြီးဆုံးနှစ်မြို့ထဲက တစ်မြို့ပါ။

တဲလ်အဗစ်

၁၀။ တဲလ်အဗစ် (အစ္စရေး)
အစ္စရေးရဲ့ ဒုတိယလူနေအထူထပ်ဆုံးမြို့ကြီးကတော့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက အဆင့် (၂၈) သာရှိခဲ့ပေမဲ့ အခု အဆင့် (၁၀) ထိရောက်လာခဲ့ပါပြီ။

လော့စ် အင်ဂျလိစ်

၁၀။ လော့စ် အင်ဂျလိစ် (အမေရိကန်)
အရင်နှစ်ကထက် အဆင့်လေးဆင့်ခုန်တက်လာအပြီးမှာတော့ LA ဟာ လူနေမှုစရိတ်အကြီးဆုံးကမ္ဘာ့မြို့ကြီး (၁၀) မြို့စာရင်းထဲကို ရောက်လာခဲ့တာဖြစ်ပါတယ်။

Ref: CNN Travel “World’s most expensive cities to live in”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top