ဘရာဇီးမော်ဒယ် ဝါနက်ဆာမိုရာက သူ့ချွေးနဲ့ ရေမွေးထုတ်ရောင်းတယ်။ ရေမွေးနာမည်က Fresh Goddess တဲ့။ ရေမွေးပုလင်းတိုင်းမှာ သူ့ချွေး ၈ မီလီလီတာပါတယ်။ သူ့ကိုယ်သင်းနံ့က စိတ်လှုပ်ရှားစရာကောင်းတယ်၊ လိင်ဆွဲဆောင်မှုရှိတယ်လို့ သူ့အတူနေချစ်သူဟောင်းနဲ့ လက်ရှိရည်းစားက ပြောတာကြောင့် မိုရာက သူ့ချွေးနဲ့ ရေမွေးထုတ်ခဲ့တာပါ။
အင်စတာဂရမ်မှာတော့ သူ့ရဲ့ရေမွေးက နာမည်ကြီးနေတယ်။ တချို့တွေကတော့ အဲဒီရေမွေးဆွတ်သွားတာ အမျိုးသားတွေကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်လို့ ဆိုကြတယ်။
Ref: I bottled my sweat as perfume — men say my body odor is ‘sexy and exciting’
NZ (ရိုးရာလေး)