နှာခေါင်းစည်း တပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့် လေသံပြောင်း

2-6-2020-yyl-010.jpg

လူအရမ်းများတဲ့နေရာတွေကိုသွားရင် နှာခေါင်းစည်းတပ်ဆင်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ နှာခေါင်းစည်းမပါဘဲ လူမြင်ကွင်းကိုထွက်လေ့ရှိသူပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ရီပတ်ဗလစ်ကန် ပါတီဝင်တစ်ယောက်ဖြစ်တဲ့ တင်နက်ဆီပြည်နယ် အထက်လွှတ်တော် လာမာအလက်ဇန္ဒားက ဒေါ်နယ်ထရမ့်ကို စံပြအဖြစ် နှာခေါင်းစည်းတပ်ဆင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၅၂,၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့တဲ့နေ့မှာ ဒေါ်နယ်ထရမ့်က နှာခေါင်းစည်းတပ်ဆင်မယ်လို့ ပြောခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ Covid-19 အတည်ပြုလူနာ ၂.၇ သန်းနီးပါးရှိလာခဲ့ပြီး သေဆုံးသူ ၁၂၈,၀၀၀ ကျော်ရှိနေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြပါတယ်။ ” လူအရမ်းကျပ်ရင်တော့ နှာခေါင်းစည်းတပ်ဆင်မှာပါ။ လူမြင်ကွင်းမှာ နှာခေါင်းစည်းတပ်ရတာ ပြဿနာမဟုတ်ပါဘူး”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ နှာခေါင်းစည်းတပ်ဆင်လိုက်ရင် သူ့ပုံစံက Lone Ranger (စိတ်ကူးယဉ်ဇာတ်လမ်းထဲမှာ သူရဲကောင်း) ပုံစံဖြစ်နေလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် နှာခေါင်းစည်းတွေ၊ မျက်နှာအကာအကွယ်တွေ မဖြစ်မနေတပ်ဖို့ မလိုအပ်ဘူးလို့ ဒေါ်နယ်ထရမ့်က ပြောထားဆဲပါပဲ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top