မနေ့(ဧပြီလ ၁၂ ရက်)က ဆရာဇော်ဂျီ ၁၁၆ နှစ်မြောက် မွေးနေ့မှာ အမေရိကန်အွန်လိုင်းသတင်းစာ

11.4.2023-yyl-iamge-34.jpg

Good News Network က ဆရာ့ဘဝအကြောင်း အကျဉ်းချုပ်နဲ့ ဗေဒါလမ်းကဗျာစုထဲက ကဗျာစုအမှတ်(၁၀) ”ပန်းပန်လျက်ပဲ”ကဗျာကို ဖော်ပြခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာပြန်ထားတဲ့ ဆရာ့ကဗျာကို ဖော်ပြရာမှာ ကဗျာတစ်ပိုဒ် ကျန်နေခဲ့တာနဲ့ အကျ၊ အပေါက်တချို့ ရှိခဲ့တာ တွေ့ရပါတယ်။

ဆရာဇော်ဂျီဟာ မွေးရပ်ဇာတိဖြစ်တဲ့ ဖျာပုံမြို့ကို သင်္ဘောနဲ့အပြန် ချောင်းထဲ မြောင်းထဲ ကနေ မြစ်ထဲကို စုန်ဆန်မျောလာတဲ့ ဗေဒါတွေရဲ့ ထူးခြားဂုဏ်သတ္တိကို သတိပြုမိပြီး လူ့ ဘဝနဲ့ယှဉ်ကာ ဗေဒါလမ်း ကဗျာစုကို ရေးဖွဲ့ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ရိုးရာလေးစာဖတ်ပရိသတ်တွေအတွက် ဆရာဇော်ဂျီရဲ့ ပန်းပန်လျက်ပဲကဗျာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ပန်းပန်လျက်ပဲ
ညိုပြာပြာ လတာပြင်ခြေရင်း၊
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ၊
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး၊
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ၊
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ၊
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ၊
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။
တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀

Still Wearing the flower
At the foot of the mudflats,bluish brown
Riding the waves and tossed around,
Beda floats,moving up and down.
Floating sown the water’s,not at easy,
With a surfing coconut frond happened to meet,
The floater and the drifter along with the tide,
Smites her square in the side.
After being smitten wasn’t left alone in pain,
But a tidal wave drowned her again,
Sinking down under,doesn’t re-appear
Till a wave surges up a couple of yards afar’
Together with it,surfaces the beauteous Ma Beda.
Surfacing again brings no relief,
Ducks and drake emerge out of a small inlet of the creek,
they number a hundred or two,
But Beda’s all alone and solitary to be true;
Jostled and kicked with hundreds of feet,
While Beda just clenched her teeth,
The unsubdued and unyielding Beda’s fair,
Still krrps on wearing the flower in her hair.
University O-way Magazine,(1960)

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top