ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ အပူချိန် အလွန်အမင်း ကျဆင်းပြီး နေအိမ်အပူပေးစနစ် ပြတ်တောက်ခဲ့တဲ့ အဘွားအိုတစ်ဦးအတွက် ဂယ်လာတင်းမြို့ခံ ရဲတပ်ဖွဲ့က မီးလှုံဖို့ ထင်းတွေ သွားပို့ပေးခဲ့ပါတယ်။
နေအိမ်အပူပေးစနစ် ပြတ်တောက်သွားလို့ အဘွားအိုက ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းချိန်မှာ ဂယ်လာတင်းရဲတပ်ဖွဲ့ရဲ့ တပ်ကြပ်ကြီး ဝုဒ်အက်က ဒေသခံ ထင်းဆိုင်ပိုင်ရှင်ထံ ဆက်သွယ်ခဲ့ပါတယ်။ ထင်းဆိုင်ပိုင်ရှင်က အဘွားအိုအတွက် ထင်းတွေ လှူပေးခဲ့ပြီး ရဲအရာရှိတွေက အဘွားအိုအိမ်ကို သွားရောက်ပို့ဆောင်ပေးခဲ့တာပါ။
ဖေ့ဘွတ်ခ်ပေါ်မှာ ဒီသတင်း ပျံနှံ့သွားခဲ့ပြီးနောက်Alexander Mechanical ကုမ္ပဏီပိုင်ရှင်က အဘွားအိုရဲ့နေအိမ်မှာ Breaker အသစ် တပ်ဆင်ပေးခဲ့တာကြောင့် နေအိမ်အပူပေးစနစ် ပြန်လည်အသုံးပြုနိုင်ခဲ့ပါတယ်။
Ref: Police Officers Deliver Free Firewood To Elderly Citizen Without Heat
NZ (ရိုးရာလေး)