အပူချိန် အလွန်အမင်းကျဆင်းချိန်မှာ နေအိမ်အပူပေးစနစ် ပြတ်တောက်သွားတဲ့ အဘွားအို မီးလှူနိုင်ဖို့ ရဲတပ်ဖွဲ့က ကူညီပေး

26.1.24-yyl-3-1.jpg

ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ အပူချိန် အလွန်အမင်း ကျဆင်းပြီး နေအိမ်အပူပေးစနစ် ​ပြတ်တောက်ခဲ့တဲ့ အဘွားအိုတစ်ဦးအတွက် ဂယ်လာတင်းမြို့ခံ ရဲတပ်ဖွဲ့က မီးလှုံဖို့ ထင်းတွေ သွားပို့ပေးခဲ့ပါတယ်။

နေအိမ်အပူပေးစနစ် ပြတ်တောက်သွားလို့ အဘွားအိုက ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းချိန်မှာ ဂယ်လာတင်းရဲတပ်ဖွဲ့ရဲ့ တပ်ကြပ်ကြီး ဝုဒ်အက်က ဒေသခံ ထင်းဆိုင်ပိုင်ရှင်ထံ ဆက်သွယ်ခဲ့ပါတယ်။ ထင်းဆိုင်ပိုင်ရှင်က အဘွားအိုအတွက် ထင်းတွေ လှူပေးခဲ့ပြီး ရဲအရာရှိတွေက အဘွားအိုအိမ်ကို သွားရောက်ပို့ဆောင်ပေးခဲ့တာပါ။

ဖေ့ဘွတ်ခ်ပေါ်မှာ ဒီသတင်း ပျံနှံ့သွားခဲ့ပြီးနောက်Alexander Mechanical ကုမ္ပဏီပိုင်ရှင်က အဘွားအိုရဲ့နေအိမ်မှာ Breaker အသစ် တပ်ဆင်ပေးခဲ့တာကြောင့် နေအိမ်အပူပေးစနစ် ပြန်လည်အသုံးပြုနိုင်ခဲ့ပါတယ်။

Ref: Police Officers Deliver Free Firewood To Elderly Citizen Without Heat

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top