ဟောလိဝုဒ်ကျော်ကြားမှုအထိမ်းအမှတ်လျှောက်လမ်းမှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံရမယ့် မီချဲလ်ယို

28.6.2023-yyl-13.jpg

‌အော်စကာဆုရှင် မလေးရှားဖွားမင်းသမီးမီချဲလ်ယိုဟာ လော့စ်အိန်ဂျယ်လိစ်မြို့က ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ အထင်ကရနေရာဖြစ်တဲ့ ဟောလိဝုဒ်ကျော်ကြားမှုအထိမ်းအမှတ်လျှောက်လမ်း (Hollywood Walk of Fame) မှာ ကိုယ်ပိုင်ကြယ်ပွင့်တစ်ခု ရရှိတော့မှာပါ။ မီချဲလ်ယိုကို ကြယ်ပွင့်နဲ့ ဂုဏ်ပြုမယ်ဆိုတဲ့အကြောင်းကို ဇွန်လ ၂၆ ရက်နေ့က Walk of Fame ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ ကြေညာခဲ့တာပါ။

၂၀၂၄ ခုနှစ်မှာ Hollywood of Fame မှာ ကြယ်ပွင့်လက်ခံရရှိမယ့် အနုပညာနယ်ပယ်က လူတွေဟာ ရာနဲ့ချီတဲ့ ဆန်ကာတင်တွေထဲမှာ ရွေးချယ်ခံရပြီး Hollywood Chamber ရဲ့ဒါရိုက်တာဘုတ်အဖွဲ့ အတည်ပြုပေးခဲ့တာပါ။ “ရွေးချယ်ရေးကော်မတီက ဖျော်ဖြေရေးလောကရဲ့အမျိုးအစားအမျိုးမျိုးကို ကိုယ်စားပြုတဲ့သူတွေကို ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံရဖို့အတွက် နှစ်တိုင်း ဂရုတစိုက်ရွေးချယ်ပေးရပါတယ်”လို့ Walk of Fame ရွေးချယ်ရေးအဖွဲ့ရဲ့ဥက္ကဌ အယ်လ်လန် ကေက ပြောပါတယ်။

မီချဲလ်ယိုက ဂယ်ဂဒေါ့၊ ခရစ်ပိုင်၊ ခရစ္စတီးနား ရီစီ၊ ခရစ် မီလန်ဒရီ၊ မက်ဂီ ဂျီလန်ဟောလ်၊ ကယ်ဗင် ဖီဂီနဲ့ချက်ဒ်ဝစ် ဘို့စ်မန်းတို့နဲ့အတူ Motion Pictures အမျိုးအစားအောက်မှာ ကြက်ပွင့်ရရှိခဲ့တာပါ။
မတ်လကမှ မီချဲလ်ယိုက ၉၅ ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Everything Everywhere All at Once ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသမီးဆု ဆွတ်ခူးခဲ့တာပါ။ အာရှသရုပ်ဆောင်တွေထဲမှာ သူက အကောင်းဆုံးမင်းသမီးအဖြစ် အော်စကာဆုကို ပထမဆုံးဆွတ်ခူးနိုင်ခဲ့တာပါ။

Ref: Michelle Yeoh will receive a star on the Hollywood Walk of Fame

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top