၁၈ နှစ် ပြည့်မွေးနေ့မှာ ဖခင်ဖြစ်သူရဲ့နာမည်ဖြစ်တဲ့ သူ့ရဲ့နောက်နာမည် (Last Name) ကို ပြောင်းဖို့ အသနားခံစာတင်ခဲ့တဲ့ ရှိုင်လို နူဗယ် ဂျိုလီ – ပစ်

4.6.2024-yyl-4.jpg

အိန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့သမီးဖြစ်သူ ရှိုင်လို နူဗယ် ဂျိုလီ – ပစ်က သူ့ရဲ့နောက်နာမည်ကို ပြောင်းဖို့ အသနားခံစာတင်ထားပါတယ်။ ရှိုင်လိုက မေလ ၂၇ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်သွားခဲ့ပြီး အဲ့ဒီနေ့မှာပဲ သူ့နာမည်ကနေ ပစ် (Pitt) ဆိုတဲ့ သူ့ဖခင်နာမည်ကို တရားဝင်ဖယ်ရှားဖို့ စာတင်ခဲ့တာပါ။

ရှိုင်လိုက လော့စ်အိန်ဂျယ်လိစ်ကောင်တီတရားရုံမှာ အသနားခံစာတင်သွင်းခဲ့တာပါ။ အခုလို ဆုံးဖြတ်လိုက်တဲ့ သူ့ရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမဲ့ သူ့ရဲ့တရားဝင်နာမည်အသစ်အဖြစ် Shiloh Nouvel Jolie လို့ ပြောင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: Shiloh Jolie-Pitt petitions to change last name on 18th birthday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top