ပရော်ဖက်ရှင်နယ်နပန်းသမားအဖြစ်က အနားယူတော့မယ့် ဂျွန်စီနာ

8.7.2024-yyl-1.jpg

ပရော်ဖက်ရှင်နယ်နပန်းသမားလည်းဖြစ်တဲ့၊ အမေရိကန်သရုပ်ဆောင်လည်းဖြစ်တဲ့ ဂျွန်စီနာဟာ ၂၀၂၅ ခုနှစ်မှာ နပန်းလောကကနေ အနားယူတော့မှာဖြစ်ပါတယ်။ ဇူလိုင် ၇ ရက်နေ့၊ ကနေဒါမှာ ပြုလုပ်တဲ့ World Wrestling Entertainment (WWE) “Money in the Bank” ပွဲအခမ်းအနားကို သူ တက်ရောက်လာခဲ့တဲ့အချိန်မှာ သူဟာ Wrestlemania 2025 ပွဲဟာ သူ့ရဲ့နောက်ဆုံးနပန်းပွဲဖြစ်မှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ Farewell Tour ကို လုပ်သွားမှာဖြစ်တယ်လို့ ဂျွန်စီနာက အတည်ပြုပြောကြားခဲ့ပါတယ်။ သူဟာ X (တွစ်တာအကောင့်) မှာ မျှဝေခဲ့တဲ့ WWE ဗီဒီယိုမှာလည်း အနားယူတော့မယ့်အကြောင်း ပြောကြားခဲ့သလို ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ သူ နပန်းလောက ကနေ အနားမယူခင် သူနဲ့အတူ ထိုးသတ်ဖို့ အခြား WWE နပန်းသမားတွေကိုလည်း ဖိတ်ခေါ်ရင် အဆုံးသတ်ပြောကြားခဲ့ပါတယ်။

၂ ညတာပွဲဖြစ်တဲ့ WrestleMania 2025 ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၉ နဲ့ ၂၀ ရက်တွေမှာ လပ်ဗီးဂပ်စ်မြို့ရှိ Allegiant Stadium မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဂျွန်စီနာက နပန်းသမားအဖြစ် ၂၀၀၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ စတင်ခဲ့တာပါ။

Ref: John Cena announces retirement from pro wrestling, last WrestleMania match in 2025

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top