Met Gala ပွဲမှာ ပရီရန်ကာ ချိုပရာ ဝတ်ဆင်ခဲ့တဲ့ ဒေါ်လာ ၂၅ သန်းတန် စိန်လည်ဆွဲကို လေလံတင်ရောင်းချမယ်

1.5.2023-yyl-15.jpg

၁၉၄၈ ခုနှစ်ကတည်းက ကျင်းပလာခဲ့တဲ့ The Met Gala ပွဲကို မေလ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေက ထူးခြားဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ တက်ရောက်လာခဲ့ကြတာပါ။ တချို့ဆိုရင် အကောင်းဆုံးဝတ်စုံစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ ပရီရန်ကာ ချိုပရာ ဝတ်ဆင်ခဲ့တဲ့ တလက်လက်တောက်ပနေတဲ့ စိန်လည်ဆွဲဆိုရင်လည်း လေလံတင်ရောင်းချမှာဖြစ်ပါတယ်။

ပရီရန်ကာ ချိုပရာက သူ့ခင်ပွန်းဖြစ်သူ နစ်ခ် ဂျိုနက်နဲ့အတူ အဖြူအနက်အမိုက်စားဝတ်စုံကို ဝတ်ဆင်ပြီး ပွဲတက်ရောက်ခဲ့တာပါ။ သူ ဝတ်ဆင်ခဲ့တဲ့ စိန်လည်ဆွဲက ၁၁.၆ ကာရက်ရှိပြီး ကန်ဒေါ်လာ ၂၅ သန်းတန်ကြေးရှိတဲ့ Bulgari ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပါတယ်။

Met Gala ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစား (သို့) အသုံးအဆောင်ပစ္စည်းတွေ လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ချက်က ပစ္စည်းအရေးပါမှု၊ ပစ္စည်းရဲ့ဒီဇိုင်နာ၊ ပစ္စည်းတန်ဖိုးတွေအပါအဝင် အချက်များစွာပေါ် မူတည်ပါတယ်။ တချို့အခြေအနေတွေမှာ ဒီဇိုင်နာတွေက ဆယ်လီတွေ ဝတ်ဆင်တဲ့ ဝတ်စုံတွေကို သိမ်းထားတာဖြစ်ဖြစ်၊ ပြတိုက်၊ ပြပွဲမှာ ပြသတာဖြစ်ဖြစ် ရွေးချယ်ကြပါတယ်။ ဒါပေမဲ့ ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတချို့ကို ဆယ်လီတွေကိုယ်တိုင်က သူတို့ရဲ့ကိုယ်ရေးကိုယ်တာအတွက် (ဒါမှမဟုတ်) ပရဟိတအတွက် လေလံတင်ရောင်းချတာတွေလည်း ရှိခဲ့ပါတယ်။ Met Gala ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေအားလုံးကို ပွဲပြီးရင် အလိုအလျောက် လေလံတင်ရောင်းချပစ်တာတော့ မဟုတ်ပါဘူ။

The Met Gala ပွဲက နယူးယောက်မြို့က Metropolitan Museum of Art’s Costume Institute အတွက် နှစ်စဉ်ရန်ပုံငွေရှာပေးတဲ့ပွဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နာမည်ကြီးဖက်ရှင်ပွဲကြီးတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

Ref: Priyanka Chopra’s Bulgari Diamond Necklace Worth $25 Million At The Met Gala 2023 To Be Sold In Auction

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top