မြစ်ထဲကျသွားတဲ့ ဘတ်စ်ကားတွေထဲမှာ ပျောက်ဆုံးနေသူ ၅၅ ယောက်ကို အသက်ရှင်လျက် ပြန်တွေ့နိုင်ဖွယ်မရှိတော့ဘူးလို့ ကယ်ဆယ်ရေးသမားများ ဆို

14.7.2024-yyl-5.jpg

ဇူလိုင်လ ၁၂ ရက်နေ့က မြေပြိုကျမှုကြောင့် မြစ်ထဲ ထိုးကျသွားတဲ့ ဘတ်စ်ကားနှစ်စီးပေါ်မှ ပျောက်ဆုံးနေသူ ၅၅ ယောက်ကို အသက်ရှင်လျက် ပြန်တွေ့နိုင်ဖွယ် မရှိတော့ဘူးလို့ နီပေါနိုင်ငံမှ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။

ခရီးသည် ၆၅ ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားနှစ်စီးဟာ ခတ္တမန္ဒူမြို့ရဲ့ အနောက်ဘက် ၈၆ ကီလိုမီတာအကွာမှာရှိတဲ့ ချစ်ဝမ်ခရိုင်မှာ မြစ်ထဲ ထိုးကျသွားတာပါ။ မိုးသည်းထန်စွာ ရွာသွန်းထားလို့ မြစ်ရေ တက်နေတဲ့အချိန်မှာ ဘတ်စ်ကားနှစ်စီး မြစ်ထဲ ထိုးကျသွားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိထားပြီး ခရီးသည် ၅၅ ဦး ပျောက်ဆုံးနေဆဲပါ။

ပြီးခဲ့တဲ့ ဇွန်လလယ်နောက်ပိုင်း နီပေါနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု၊ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အခုဖြစ်ရပ်အပြီးမှာတော့ ရာသီဥတုဆိုးရွားနေချိန် ညအချိန် ဘတ်စ်ကားထွက်ခွင့်ကို ပိတ်ပင်ဖို့ စီစဉ်နေကြောင်း နီပေါအစိုးရက ကြေညာခဲ့ပါတယ်။

Ref: No hope of survivors in Nepal bus accident, 55 still missing
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top