ပိန္နဲသီးကို ဖရဲသီးလိုလှီးပြီးထုပ်ပိုးရောင်းချတဲ့ အမေရိကန်နိုင်ငံကစူပါမားကတ်

20190805_jackfruit_fb.jpg

အမေရိကနိုင်ငံ၊ အီလီနွိုင်းပြည်နယ်မှာ နေထိုင်တဲ့ မလေးရှားလူမျိုးအမျိုးသမီးတစ်ယောက်က စူပါမားကတ်တစ်ခုကို ပတ်ကြည့်တဲ့အခါမှာ ပိန္နဲသီးထုပ်ပိုးပြီး တင်ထားတဲ့နေရာကို ဖြတ်သွားခဲ့ပါတယ်။ အဲဒီမှာ သူမြင်လိုက်တာက ကျွန်တော်တို့ မြင်ဖူးနေကျ ပိန္နဲသီးလိုမျိုးမဟုတ်တာပါပဲ။

ပိန္နဲသီးကို ဖရဲသီးလို အချပ်လိုက်၊ အစိပ်လိုက်လှီးထားတာပါ။ သူဟာ ပြောစရာစကားမရှိလောက်အောင် အရမ်းကိုအံ့အားသင့်သွားခဲ့ပါတယ်။ အဲဒီလိုပိန္နဲသီးပုံကို သြဂုတ်လ (၅) ရက်နေ့က တင်ခဲ့တာဖြစ်ပြီး Share တဲ့သူ (၅၀၀၀) ရှိနေပါတယ်။ “အနောက်နိုင်ငံက ပိန္နဲသီးကို ဖရဲသီးလို စားတဲ့အခါ သူတို့မျက်နှာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ပုံဖော်ကြည့်လို့ရပါတယ်”၊ “သူတို့ ဘယ်လိုစားရလဲဆိုတာ မသိလို့များလား”၊ “အဲဒီလိုပိန္နဲသီးကို ဝယ်မယ်ဆိုရင် သတိထားကြနော်..။ စေးကပ်တယ်။ ဖရဲသီးလိုလည်း စားလို့မရဘူးနော်” ဆိုတဲ့ ကွန်မန့်တွေကိုလည်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားခဲ့ပါတယ်။

ပိန္နဲသီးကို ဖရဲသီးလို လှီးထားတာက အာရှနိုင်ငံတွေမှာမတွေ့ရပေမယ့် အခုဆို အနောက်နိုင်ငံမှာတွေ့နေရပါပြီ။ အခုဆိုရင် အနောက်နိုင်ငံသားတွေက သူတို့အတွက် စားကောင်းသောက်ဖွယ်တွေကို နမူနာပြမယ့် နည်းလမ်းတွေရှာနေတာပါ။ ပိန္နဲသီးကို အခုလို ထုပ်ပိုးခင်းကျင်းထားတာက ပြောင်းလဲထားတဲ့ အစားသောက်ပြင်ဆင်ချက်တွေထဲက တစ်ခုလည်းဖြစ်ပါလိမ့်မယ်။

သစ်သီးရောင်းတဲ့သူအများစုက ပိန္နဲသီးက ကပ်စေးစေးနေတာကြောင့် လက်အိတ်မသုံးဘဲနဲ့ ပိန္နဲသီးကို မခွာချင်ကြဘူးဖြစ်ပါတယ်။ ဒါကြောင့်မို့ အသီးတစ်ခုလုံးကို ဖရဲသီးလို စိပ်လိုက်တာပါပဲ။ ဒါကတော့ ပိန္နဲသီးကို ပုံစံအသစ်တစ်မျိုးနဲ့ ရောင်းချမှုပုံစံလို့ ပြောရမလို့တာ ဖြစ်နေပါပြီ။

Ref: AsiaOne “US supermarket serves jackfruit sliced like watermelons, Asians horrified”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top