အရွယ်ရောက်လာပြီး Kpop Idol တစ်ယောက်လိုတောင်ဖြစ်နေတဲ့ “Baby Shark” Music Video ထဲက ကလေးလေး

23.7.2024-yyl-11.jpg

“Baby Shark doo doo doo doo doo doo” သီချင်းကို ကြည့်လိုက်တာနဲ့ ကလေးကအစ လူကြီးအဆုံး အကုန်သိကြပါတယ်။ ဒီ Baby Shark သီချင်းက ၂၀၁၆ ခုနှစ် ဇွန်လမှာ ထွက်ရှိခဲ့တာဖြစ်ပြီး အခုအချိန်ထိ လူကြည့်အများဆုံးဗီဒီယိုဖြစ်နေပါတယ်။ အခုအချိန်ထိ ကြည့်ရှုသူ ၁၄ ဘီလျံရှိနေပါတယ်။

ဒီသီချင်းကို တောင်ကိုရီးယားကုမ္ပဏီ SmartStudy ပိုင် ပညာရေးအမှတ်တံဆိပ်ဖြစ်တဲ့ Pinkfong က ထုတ်တာဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် ကိုရီးယား-အမေရိကန်အဆိုတော် Hope Segoine က သီဆိုခဲ့တာပါ။

ကလေးသရုပ်ဆောင်တွေဖြစ်တဲ့ Park Geon Roung နဲ့ Elaine Kim Johnston က ဒီသီချင်းမှာ သရုပ်ဆောင်ထားကြပါတယ်။ အခုဆို Park Geon Roung ဆိုတဲ့ ကလေးသရုပ်ဆောင်က အသက် ၁၅ နှစ်ရှိနေပြီး သူ့ရဲ့ရုပ်ရည်ကြည့်ကောင်းမှုကြောင့် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေပါတယ်။

Geon Roung က အနုပညာလှုပ်ရှားမှုတွေလုပ်နေဆဲဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက Play With Me Club (South Korean co-ed kids group) ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ သူဟာ စက်တင်ဘာလဆို အသက် ၁၆ နှစ်ပြည့်မှာဖြစ်ပြီး အင်စတာဂရမ်မှာ ဖော်လိုဝါ ၁ သိန်းကျော်ရှိပါတယ်။ Ig မှာ သူ့ကို အများဆုံးမေးကြတာက “Baby Shark ကလေးလေးလား”ဆိုတာပါပဲ။ အရွယ်ရောက်ပြီး ရုပ်ရည်ချောမောနေတဲ့အတွက် လူမှုကွန်ယက်အသုံးပြုသူတွေ အံ့အားသင့်ခဲ့ရပြီး Kpop Idol နဲ့ တူတယ်လို့ ပြောနေကြပါတယ်။

Ref: The Kid From The ‘Baby Shark’ Music Video Is Now 15, And He Looks Just Like A K-pop Idol

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top