မိန်းကလေးအကြိုက် ထူးခြားတဲ့တတ်တူးဒီဇိုင်းတွေဖန်တီးတဲ့ ကိုရီးယားတတ်တူးပညာရှင်

28-1-2021-yyl-10.jpg

တတ်တူးထိုးရတာကို အမျိုးသားတွေတင်မဟုတ်ဘဲ တချို့အမျိုးသမီးတွေကလည်း သဘောကျနှစ်သက်ကြပါတယ်။ တချို့ဆို တတ်တူးထိုးရတာ ဝါသနာပါလွန်းလို့ ခန္ဓာကိုယ်တစ်ခုလုံးအပြည့်ထိုးတတ်ကြပါသေးတယ်။ တောင်ကိုရီးယားနိုင်ငံက တတ်တူးပညာရှင်တစ်ယောက်ဆိုရင် အမျိုးသမီးတွေအကြိုက် တတ်တူးဒီဇိုင်းမျိုးတွေကို ဖန်တီးတတ်ပါတယ်။ သူ့ကိုတော့ အခြားတတ်တူးပညာရှင်တွေနဲ့ မှားမှာမဟုတ်ပါဘူးနော်။ သူ့ရဲ့ဒီဇိုင်းတွေက ထူးခြားပြီး သူ့မှာ သီးသန့်စတိုင်မျိုးရှိတဲ့အတွက်ကြောင့်မို့ပါ။ တတ်တူးထိုးရတဲ့ ဝါသနာပါတဲ့ အမျိုးသမီးတွေက သူ့ရဲ့တတ်တူးဒီဇိုင်းတွေကို အတုခိုးပြီး တတ်တူးထိုးလို့ရပါတယ်။

အဲဒီကိုရီးယားတတ်တူးပညာရှင်က ဆိုင်အွန် ကွမ် (Sion Kwak) ဆိုသူပါ။ သူ့အမေကလည်း တတ်တူးပညာရှင်ဖြစ်တဲ့အတွက် ငယ်ငယ်လေးကတည်းက သူ့အမေကြောင့် တတ်တူးပညာရှင်ဖြစ်ချင်ခဲ့တာပါ။ တတ်တူး ဘယ်လိုစပြီး တိုးရသလဲဆိုတာကို သူ့အမေ တတ်တူးထိုးတဲ့အခါ သေချာဂရုတစိုက်ကြည့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အမေနဲ့သူ့ရဲ့တတ်တူးထိုးတဲ့စတိုင်ကတော့ ကွာခြားပါတယ်။ သူကတော့ အခြေခံတတ်တူးထိုးနည်းကို လေ့လာပြီး သူ့ကိုယ်ပိုင်ဟန်နဲ့ အရောင်အသွေးစုံလင်လှတဲ့တတ်တူးဒီဇိုင်းတွေကို ဖန်တီးခဲ့တာပါ။

ဆိုင်အွန် ရဲ့ကိုယ်ပိုင်အမှတ်အသားကတော့ တတ်တူးဒီဇိုင်းတော်တော်များများမှာ အနီရောင်ကြိုးမျှင်လေးတွေပါတာပါပဲ။ အဲဒီအနီရောင်ကြိုးမျှင်လေးတွေက ဘဝဖြတ်သန်းမှုနဲ့ လူတွေကြားက ချည်နှောင်မှုတွေကို ကိုယ်စားပြုတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့တတ်တူးဒီဇိုင်းတွေကို ကြည့်မယ်ဆိုရင် အနီရောင်ကို ပိုပြီးအသားပေးဆွဲထားတာတွေ့ရပါတယ်။

ပန်းပွင့်ပုံလို အမျိုးသမီးအကြိုက်နူးနူးညံ့ညံ့ဒီဇိုင်းတွေ ထိုးတတ်သလို တိရစ္ဆာန်ပုံတွေနဲ့ ပန်းပုံတွေရောပြီး ထိုးတဲ့ဒီဇိုင်းတွေလည်းရှိပါတယ်။ အဆောင်တံဆိပ်ဆွဲပြားကြိုးပုံစံမျိုးတွေလည်း ထိုးတတ်ပါသေးတယ်။ တတ်တူးဒီဇိုင်းတွေက ဆိုင်အွန်ကို တတ်တူးထိုးခိုင်းတဲ့သူတွေအတွက် အဓိပ္ပာယ်သီးသန့်ရှိကြပါတယ်။

ဆိုင်အွန်က သူ ကြားသိရတဲ့ ဘဝဇာတ်လမ်းတွေနဲ့ သူတွေ့ဆုံခဲ့ရတဲ့လူတွေဆီကနေ စိတ်ကူးဉာဏ်ကွန်မြူးပါတယ်။ သူတို့ပြောတာတွေ နားထောင်ပြီး သူ့ရဲ့တတ်တူးဒီဇိုင်းအတွက် စိတ်ကူးအကြံဉာဏ်တွေ ရလာတတ်ပါတယ်။ တစ်ခါတရံ သူ့ရဲ့ဖောက်သည်တွေက တတ်တူးဒီဇိုင်းတွေ ဖန်တီးဖို့အတွက် လက်တွဲဖော်တွေပါပဲ။

ဆိုင်အွန်ဟာ သူ့အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာမယ့် သင်္ကေတတွေအကြောင်း လေ့လာရင်းနဲ့ အချိန်ကုန်တတ်ပါတယ်။ အဲဒီလိုလေ့လာရင်းနဲ့ သူ့ဆီ တတ်တူးလာထိုးတဲ့ လူတိုင်းအတွက်ထူးခြားတဲ့ဒီဇိုင်းတွေကို ဖန်တီးချင်တာပါ။

လူတွေအတွက် အဓိပ္ပာယ်ရှိတဲ့ တတ်တူးတွေဖြစ်စေချင်ခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာလည်း တတ်တူးအနည်းငယ်ရှိပါတယ်။ သူကြိုက်နှစ်သက်ပြီး လေးစားရတဲ့သူတွေအတွက် သူ့ဘဝမှာ ကြာကြာမနေချင်တဲ့သူတွေအတွက် ထိုးထားတဲ့တတ်တူးတွေပါပဲ။ တတ်တူးတစ်ခုချင်းစီက သူ့ဘဝစာမျက်နှာတွေဖြစ်ပြီး အဲဒါတွေကို အမြတ်တနိုးထားပါတယ်။

ဆိုင်အွန်ဟာ သူ့ရဲ့တတ်တူးဒီဇိုင်းတွေကနေတဆင့် အလှတရားရဲ့အနှစ်သာရကို လူတွေတန်ဖိုးထားတတ်စေနိုင်ဖို့သာမက ကိုရီးယားယဉ်ကျေးမှုရဲ့အလှတရားကိုလည်း ကမ္ဘာ့တစ်ဝှမ်းကလူတွေ သိမြင်နိုင်စေဖို့မျှော်လင့်နေပါတယ်။ သူ့ရဲ့တတ်တူးဒီဇိုင်းတွေကို @tattooist_sion ဆိုတဲ့ အင်စတာဂရမ်အကောင့်မှာ သွားကြည့်လို့ရပါတယ်နော်။

Ref: Brightside “A Korean Artist Creates Delicate Tattoos and They’re the Embodiment of Tenderness”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top